🔥 ရေပန်းစားသောအကြောင်းအရာ

သွားပိုးစားစေနိုင်တာတွ မကျွေးမိစေဖို့

သွားပိုးစားတယ်ဆိုတာက ကလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ကလေးတွေကို သွားပိုးစားစေတဲ့ အကြောင်းအရင်းတွေထဲက အဓိက အချက် တစ်ခုက သူတို့လေးတွေ သိပ်ကြိုက်ကြတဲ့ အချိုကဲတဲ့ အစားအစာတွေပေါ့။


ဒီတော့ သားသားမီးမီး သွားပိုးစားနိုင်ခြေကို လျှော့ချဖို့ ဘာတွေ မကျွေးသင့်ဘူးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။


သွားပိုးစားစေနိုင်လို့ ကလေးကို မကျွေးသင့်တာတွေကတော့ -


ဖျော်ရည်များ - ဖျော်ရည်ဘူးတွေဟာ အချိုကဲ တဲ့အပြင် သွားကြွေလွှာတွေကို ဖျက်စီးတဲ့ ဓာတ်တို့ပါဝင်တာကြောင့် သင့်ကလေးသွားကို ပိုးစားစေမှာဆိုတာ လုံးဝကို မလွဲပါဘူး။


တော်ဖီ၊ သကြားလုံး - သကြားလုံးတို့ တော်ဖီတို့ဆိုတာ ကလေးတွေလည်း ကြိုက်သလို ခံတွင်းထဲက ဘက်တီးရီးယားတို့ရဲ့ အကြိုက်လည်းဖြစ်ပါတယ်။ ဒါကြောင့် များများစားလေလေ သွားပိုးစားလေလေပါပဲ။


ကစီဓာတ်များတဲ့ အစားအစာတွေ - အာလူး၊ ပေါင်မုန့်စတဲ့ ကစီဓာတ်များတဲ့ အစားအသောက်တွေဟာ စားလိုက်ရင် သွားပိုးစားခြင်းကို ဖြစ်စေနိုင်ပါတယ်။


သစ်သီးယို - အသီးတွေဆိုတော့ ကျန်းမာရေးအတွက် ညီညွတ်တယ်ဆိုပေမယ့်လည်း အသီးယိုမှာပါတဲ့ သကြားဓာတ်အများကြီးက သွားပိုးစားတာကို ဖြစ်စေမှာပါ။


ဘီစကစ်၊ ကွတ်ကီး - ဒါတွေက ခံတွင်းထဲ ကပ်နေစေပြီး သေချာ သွားမတိုက်ရင် ကျန်နေတတ်တာကြောင့် သွားပိုးစားခြင်းကို ဖြစ်စေမယ်ဆိုတာ လုံးဝကို သေချာပါတယ်။


ဂျယ်လီ - ဂျယ်လီတွေမှာ သကြားနဲ့ တာရှည်ခံပစ္စည်းတွေပါဝင်တာကြောင့် ကျန်းမာရေးအတွက်ရော၊ သွားနဲ့ ခံတွင်းကိုရော ဒုက္ခပေးတဲ့ အစားအစာတွေပါ။


#HelloMomandBaby #Parenting #BabyCare #ShortArticle


သွားပိုးစားစေနိုင်တာတွ မကျွေးမိစေဖို့သွားပိုးစားစေနိုင်တာတွ မကျွေးမိစေဖို့
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်