🔥 ရေပန်းစားသောအကြောင်းအရာ

အိပ်ရာဝင်ချိန် သားသားမီးမီးတို့ကို မကျွေးသင့်တာတွေက ဘာတွေများလဲ!

ကလေးကို အချိန်အခါအလိုက် ကျွေးသင့်တာတွေ ရှိသလို မကျွေးသင့်တာလေးတွေလည်း ရှိနေပါတယ်နော်။ ဒီတစ်ခေါက်တော့ ကလေးကို အိပ်ရာမဝင်ခင်မှာ မကျွေးသင့်တဲ့ အစားအစာများ အကြောင်း ဖေဖေမေမေတို့ သိရှိနိုင်စေဖို့ မျှဝေပေးလိုက်ရပါတယ်။


ကလေးကို အိပ်ရာမဝင်ခင်မှာ မကျွေးသင့်တဲ့ အစားအစာများ ကတော့ -

🔷 ကဖင်းပါတဲ့ သောက်စရာတွေ - လက်ဖက်ရည်အေး၊ ကော်ဖီအေး၊ bubble tea၊ ကော်ဖီ၊ စွမ်းအားဖြည့်အချိုရည်နဲ့ အခြားသော ကဖင်းပါတဲ့ အချိုရည်တွေပါ။


🔷 အချိုများတဲ့ သောက်စရာတွေ - ဆိုဒါ၊ သကြားထည့်ထားတဲ့ အသီးဖျော်ရည်တွေ၊ အချိုရည်တွေလိုမျိုး သကြားပါဝင်မှု များတာတွေက သွေးတွင်းသကြားဓာတ် မြင့်စေပြီး အာရုံစိုက်ဖို့ ခက်ခဲတာ၊ တက်ကြွမှု လွန်ကဲတာတွေတဲ့အပြင် မအိပ်ခင်မှာ သွားမတိုက်မိဘဲ အိပ်ပျော်သွားမယ်ဆိုရင် သွားပိုးစားတာ၊ သွားပျက်စီးတာတွေကိုပါ ခံစားရနိုင်ပါတယ်။


🔷 ဆီကြော်စာတွေ - ကလေးက ဆီကြော်တွေကို ညဘက် အိပ်ရာမဝင်ခင်မှာ စားမိမယ်ဆိုရင်တော့ အဆီများလွန်းတာကြောင့် အစာကြေခဲတာ၊ အစာချေဖျက်ဖို့ အချိန်ယူရတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ရင်ပြည့်တာ၊ ဗိုက်အောင့်ဗိုက်နာဖြစ်တာတွေကိုပါ ခံစားရစေနိုင်ပါတယ်။


🔷 ချောကလက်နဲ့ သကြားလုံးတွေ - ဒီအစားအစာ ၂ မျိုးစလုံးက ကလေးကို အိပ်ရာဝင်ချိန်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ခက်စေနိုင်သလို စားပြီးချိန်မှာ သွားမတိုက်မိဘဲ အိပ်ပျော်သွားမယ်ဆိုရင်တော့ ကလေးကို သွားနဲ့ ခံတွင်းပြဿနာတွေ ခံစားရစေမှာပါ။


🔷 သစ်သီးခြောက်တွေ - သစ်သီးတွေက ပုံမှန်အားဖြင့် ကျန်းမာစေတယ် ဆိုပေမယ့် အိပ်ရာဝင်ခါနီး အများကြီး စားမိရင် ဗိုက်နာတာ၊ အစာခြေစနစ် ပြဿနာ ဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ အ


ကလေးတွေက ဘယ်လောက်ကြိုက်ကြိုက် ကလေးရဲ့ အိပ်စက်မှုနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် အိပ်ရာဝင်ခါနီးမှာ သားသားမီးမီးတို့ကို ဒီအစားအစာတွေ လုံးဝမကျွေးဖို့ လိုပါမယ်နော် မေမေဖေဖေတို့ရေ .......


#HelloMomandBaby #Parenting #BabyCare #ShortArticle


အိပ်ရာဝင်ချိန် သားသားမီးမီးတို့ကို မကျွေးသင့်တာတွေက ဘာတွေများလဲ!အိပ်ရာဝင်ချိန် သားသားမီးမီးတို့ကို မကျွေးသင့်တာတွေက ဘာတွေများလဲ!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
2

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်