နို့တိုက်မေမေ ကော်ဖီ သောက်လို့ရမလားလေ!

ကော်ဖီကြိုက်တဲ့ မေမေ တစ်ယောက်အနေနဲ့ ကလေးကိုကိုယ်ဝန်ဆောင်ထားချိန်တွေ နို့တိုက်ကျွေးနေရချိန် တွေမှာ ကော်ဖီဖြတ်ထားရမလား! သောက်လို့ ရမလားဆိုတဲ့ အတွေးတွေကြား ဗျာများနေရပြီလား!


ဒါဆိုရင်တော့ သတင်းက ဝမ်းသာစရာပါ ………… ကလေးနို့တိုက်နေလို့ ကောက်ဖီ ကိုဖြတ်ထားစရာ မလိုပါဘူး။ တစ်နေ့ကို ၂ ခွက်ကနေ ၃ ခွက်လောက်အထိသောက်လို့ရပါတယ်။ အကောင်းဆုံးကတော့ တစ်နေ့တစ်ခွက်သောက်တာပဲပေါ့။


ပြောချင်တာ တစ်ခုက ကော်ဖီသောက်ပြီး ၁ နာရီ လောက်အကြာဟာ နို့ထဲမှာ ကဖင်းဓာတ် အမြင့်ဆုံးရှိနေတဲ့အချိန်ပါ။ အမြင့်ဆုံး ရှိနေတယ်ဆိုပေမယ့် နို့ထဲကနေ ကလေးဆီကို ပမာဏ အနည်းငယ်လောက်ကပဲ ဖြတ်သွားနိုင်ပါတယ်။ တစ်ခုသိထားရမှာက ကဖင်းဓာတ်ကို ကော်ဖီဆီကတင်မဟုတ်ဘဲ အခြား လက်ဖက်ရည်၊ ချောကလက်၊ အားဖြည့်အချိုရည်နဲ့ ဆိုဒါတို့ကနေလည်း ရတဲ့အတွက် နို့တိုက်နေတဲ့ မေမေတို့တစ်နေ့တာ ကဖင်းဓာတ်ကို တွက်ရင် အဲဒီ အစားအစာတွေကိုပါထည့်တွက်ဖို့လိုတယ်နော်။


ပုံမှန်သောက်နေကျ ၁ ခွက် ၂ ခွက်လောက်ဆို ကိစ္စ မရှိပေမယ့် ဒီထက်ပိုများမယ်ဆိုရင်တော့ကလေးအပေါ် ကဖင်းဓာတ်ရဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။


တစ်နေ့ကို ကော်ဖီ ၄ ခွက်ထက်ပိုသောက်ခဲ့ရင် ကော်ဖီထဲပါတဲ့ ကဖင်းဓာတ်က ကလေးဆီကို အများကြီးရောက်နိုင်ရုံမက သောက်တဲ့ မိခင်ကိုပါ ထိခိုက်နိုင်သေးတယ်ဆိုတာလေးလည်း သတိပေးလိုက်ပါရစေ။


#HelloMomandBaby #Pregnancy #Momcare #ShortArticle


နို့တိုက်မေမေ ကော်ဖီ သောက်လို့ရမလားလေ!နို့တိုက်မေမေ ကော်ဖီ သောက်လို့ရမလားလေ!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
280

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်