🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို ဘယ်လို လျှော့ချမလဲ!

ကိုယ်ဝန်ဆောင် ဆီးချိုက မိခင် ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ဗိုက်ထဲက ဘေဘီလေးကို လမစေ့ဘဲ မွေးဖွားတာ၊ ပေါင်မပြည့်ဘဲ မွေးဖွားတာအပြင် ကလေးအသေမွေးတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို ဘယ်လိုလျှော့ချရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ နည်းလမ်းလေးတွေကတော့ -


🔷ကိုယ်ဝန်မဆောင်ခင်ကတည်းက ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းပါ

ကိုယ်ဝန်ဆောင်နေချိန်မှာရော ကလေးမွေးဖွားပြီးချိန် အထိပါ ကိုယ်အလေးချိန်ကို ထိန်းထားတာက ကိုယ်ဝန်ဆောင်ဆီးချို ကင်းဝေးစွာနဲ့ ကိုယ်ဝန်ဆောင်နိုင်မယ့် နည်းလမ်း တစ်ခုပါ။


🔷ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပါ

နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေသလို ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးပြီး ကိုယ်ဝန်ဆောင်ဆီးချို မဖြစ်အောင် ကာကွယ်နိုင်မှာပါ။


🔷သွေးတွင်းသကြားဓာတ် စစ်ဆေးပါ

ကိုယ်ဝန်အပ်တဲ့အခါ သွေးတွင်းသကြားဓာတ်ကို စစ်ဆေးပေးပါလိမ့်မယ်။ ရက်ချိန်းပြတဲ့အခါမှာလည်း လိုအပ်ရင် လိုအပ်သလို စစ်ဆေးပါလိမ့်မယ်။


🔷နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ်ပါအောင် စားသုံးပေးပါ

နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ် ပါဝင်စေဖို့အတွက် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဂျုံကြမ်းပေါင်မုန့်၊ အုတ်ဂျုံစတာတွေကို စားပေးဖို့ လိုပါမယ်။


🔷အချိုလျှော့စားပါ

အထူးသဖြင့် သကြား၊ အချိုရည်တွေ၊ အချိုပွဲမုန့်တွေကို လျှော့စားပါ။ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေကို လျှော့စားတာကလည်း ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိလျှော့ချပေးနိုင်မှာပါ။


ကိုယ်ဝန်ဆောင်ချိန်မှာ ဒီနည်းလမ်းလေးတွေကို လိုက်နာပါ။

ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို ဘယ်လို လျှော့ချမလဲ!ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို ဘယ်လို လျှော့ချမလဲ!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
1

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်