🔥 ရေပန်းစားသောအကြောင်းအရာ

သားသားမီးမီးတို့ကို အသက်အရွယ်အလိုက် ဘယ်လို အိမ်မှုကိစ္စလေးတွေကို ကူညီပေးခိုင်းမလဲ!

သားသားမီးမီးတို့ကို သူတို့အသက်အရွယ်အလိုက် လုပ်နိုင်တဲ့ အိမ်မှုကိစ္စလေးတွေကို ကူညီစေတာက ကလေးတွေကို အရေးကြီးတဲ့ ဘဝအတွက် ကျွမ်းကျင်မှုတွေနဲ့ တစ်အိမ်လုံးက အိမ်အလုပ်တွေကို အတူတကွ လုပ်ဆောင်လို့ ရတယ်ဆိုတဲ့ အသိကို ရစေမှာပါ။ ဒီတော့ ဘယ်အရွယ်မှာ ဘာလေးတွေ ကူညီခိုင်းရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။


🔷 အသက် ၂ နှစ် ကနေ ၃ နှစ် အတွင်း

ဒီအရွယ်မှာကလေးတွေက အဝတ်တွေကို အဝတ်ခြင်းထဲ ထည့်တတ်ပြီ၊ မှောက်ကျနေတာတွေကို သုတ်တတ်ပြီး အမှိုက်ကို အမှိုက်ပုံးထဲ ထည့်တတ်ပါတယ်။ အရုပ်တွေကို ခြင်းထဲထည့်ခြင်း၊ သင့်ထံယူလာခြင်း၊ အိမ်မွေးတိရိစ္ဆာန်တွေကို ဘီးဖြီးပေးခြင်းတွေ လုပ်တတ်ပါတယ်။


🔷အသက် ၄ နှစ် ကနေ ၅ နှစ်အတွင်း

သူတို့ဟာ တိရိစ္ဆာန်တွေကို အစာကျွေးခြင်း၊ အဝတ်လျှော်ဖို့ အဝတ်တွေကို ခွဲခြင်း၊ လျှော်မည့်အဝတ်တွေကို မှန်ကန်တဲ့ အခန်းထဲယူသွားခြင်း၊ မကွဲနိုင်တဲ့ ပန်းကန်တွေ စားပွဲပေါ်စီခြင်း၊ အမှိုက်ပုံးသေးသေးလေးတွေ သွားသွန်ခြင်းနဲ့ အပင်ရေလောင်းခြင်းတွေ ပြုလုပ်နိုင်ပါတယ်။


🔷အသက် ၆ နှစ် ကနေ ၇ နှစ်အတွင်း

သူတို့ဟာ တိရိစ္ဆာန်တွေ သောက်ဖို့ ရေဖြည့်ပေးတာမျိုး၊ နေ့လည်စာ ဝိုင်းပြင်ဆင်ပေးတာ၊ ထုတ်ပိုးတာမျိုး၊ အိပ်ယာခင်းတာမျိုး၊ ဘေစင်ရေသုတ်တာမျိုး၊ ဝယ်လာတဲ့ ပစ္စည်းတွေ ထုတ်ပေးတာမျိုး၊ အမှိုက်သိမ်းတာမျိုး၊ အမှိုက်ပစ်တာမျိုးတွေကို ပြုလုပ်နိုင်ပါတယ်။


🔷 အသက် ၈ နှစ် ကနေ ၉ နှစ်အတွင်း

သူတို့ဟာ ရိုးရှင်းတဲ့ အစားအစာတွေကို ပြင်ဆင်ခြင်း၊ စားပွဲ ပြင်ဆင်ခြင်း၊ ရှင်းလင်းခြင်း၊ ပန်းကန်ဆေးစက် ထဲထည့်ခြင်း၊ ထုတ်ခြင်း၊ အဝတ်အစားတွေ ခေါက်ခြင်း၊ အိမ်သာသုံးစက္ကူဖြည့်ခြင်း၊ အမှိုက်စုခြင်း၊ သစ်ရွက်ဖယ်ခြင်း တွေ ပြုလုပ်နိုင်ပါတယ်။ အိမ်အလုပ်ဆိုတာ ပျင်းဖို့ကောင်းစရာမလိုပါဘူး။ တံမြက်စည်းလှည်းချိန်မှာ သီချင်းဖွင့်ထားတာမျိုး၊ ၅ မိနစ်အချိန်သတ်မှတ်ပြီး ဘယ်သူက အဝတ်အများဆုံးခေါက်ပြီးသလဲ ပြိုင်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။


🔷 အသက် ၁၀ နှစ် ကနေ ၁၂ နှစ်အတွင်း

သူတို့ဟာ အိုးတိုက်ခြင်း၊ ကြမ်းတိုက်ခြင်း၊ တံမြက်စည်းလှဲခြင်း၊ အိမ်သာသန့်ရှင်းရေးလုပ်ခြင်း၊ ကားပေါ်က ပစ္စည်းတွေ သယ်ပေးခြင်း၊ ကားဆေးခြင်းတွေ ပြုလုပ်နိုင်ပါတယ်။


🔷 အသက် ၁၃ နှစ်နှင့် အထက်

သူတို့ဟာ မောင်နှမ အငယ်တွေကို ထိန်းပေးခြင်း၊ အိမ်စာကူလုပ်ခြင်း၊ တစ်ပတ်မှာ တစ်ရက် ညစာချက်စေခြင်း၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ လမ်းလျှောက်ခြင်း ပြုလုပ်နိုင်ပါတယ်။ အိမ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ဈေးကနေ သွားဝယ်ခြင်းမျိုးတွေ ပြုလုပ်နိုင်ပါတယ်။


ကလေးကို အသက်အရွယ်အလိုက် အလုပ်လေးတွေ ပေးလုပ်တာက ကလေးကို အမှီအခိုကင်းပြီး ကျန်းမာသန်စွမ်းသလို လူမှုပေါင်းသင်းဆက်ဆံရေးကောင်းစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။


#HelloSayarwon #Parenting #ShortArticle

သားသားမီးမီးတို့ကို အသက်အရွယ်အလိုက် ဘယ်လို အိမ်မှုကိစ္စလေးတွေကို ကူညီပေးခိုင်းမလဲ!သားသားမီးမီးတို့ကို အသက်အရွယ်အလိုက် ဘယ်လို အိမ်မှုကိစ္စလေးတွေကို ကူညီပေးခိုင်းမလဲ!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
3

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်