Hello Dr.
လွန်ခဲ့တဲ့14ရက်နေ့က ကောင်မလေးတယောက်နဲ့ အကာအကွယ်သူံးပြီး အတူနေခဲ့ပါတယ် ။ Condomပေါက်ပြဲတာမျိုးလဲ မရှိခဲ့ပါဘူး။နောက်ရက်မနက်ကျလဲ ဆေးသောက်ခဲ့ပါတယ်။ သူံးရက်လောက်နေတော့ ပုံမှန် periodဖြစ်သလို သုံးရက်လုံးလာပါတယ်။
ဒါမဲ့ 14ရက်နေ့မတိုင်ခင်က
Periodဖြစ်ခဲ့ပြီးသားပါ ပုံမှန်လာရက်က 9ရက်နေ့မှပါ ကြားထဲထပ်လာထားတာမို့ နောက်လ9ရက်နေ့ကျ periodထပ်ဖြစ်ရမှာလားနဲ့ ကိုယ်ဝန်
ရနိုင်လားသိချင်လို့ပါ ဆရာ
အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။
ဒါကြောင့် ရာသီက လာချင်မှ လာပါလိမ့်မယ်။ ကိုယ်ဝန်ကို စိတ်ပူရင် ရာသီရက်ကျော်သွားတဲ့အခါ ဆီးစစ်ကြည့်ပါ။