🔥 ရေပန်းစားသောအကြောင်းအရာ

ကလေးကို ချစ်ရင် မနမ်းပါနဲ့

ချစ်လိုက်တာနော်။ အသည်းယားလာပြီ အာဘွားတွေလှိမ့်ပေးပစ်လိုက်မယ်ဆိုတာကို စကားအဖြစ်နဲ့ပဲပြောပါနော်။ ဘေဘီလေးကို တကယ်မနမ်းပါနဲ့။ ကလေးကိုနမ်းတာက ချစ်လို့လုပ်တဲ့ အပြုအမူဆိုပေမယ့် ကလေးကို ချစ်ရာမရောက်တာတော့ အမှန်ပါပဲ။ ဒီဆောင်းပါးလေးကနေတဆင့်ပြောချင်တာက ကလေးကို ကိုယ်တိုင်ရော သူစိမ်းတွေကနမ်းတာမျိုး မဖြစ်အောင်ပါ ဂရုစိုက်ပါနော်။



🔹ဘေဘီလေးကို မနမ်းပါနဲ့🔹

ကလေးကိုချစ်လို့နမ်းတာပဲလေ ဘာမှမဖြစ်လောက်ဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့ အနမ်းတစ်ချက်က ကလေးကို အသက်အန္တရာယ်ထိခိုက်တာအထိဖြစ်စေနိုင်ပါတယ်နော်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ အခုနောက်ပိုင်းကာလတွေမှာရောဂါတွေက ဆန်းပြားလာသလို တံတွေး၊ချွေးတို့ကနေတဆင့်လည်း အလွယ်တကူကူးစက်နိုင်ပါတယ်နော်။ဘေဘီလေးတွေက ကိုယ်ခံအားနည်းကြသလို နုနယ်လွန်းသေးတာကြောင့်ရောဂါပိုးတွေကို ခုခံနိုင်စွမ်းမ ရှိသေးတာ မို့မေမေဖေဖေတို့က အစစအရာရာသတိထားပေးဖို့လိုမှာပါနော်။


🔹ကလေးကိုနမ်းရင် ဘာတွေဖြစ်နိုင်လဲ 🔹

ကလေးကို ချစ်လို့ပွေ့ချီရာကနေ နမ်းလိုက်မယ်ဆိုရင် ကလေးမှာရောဂါတွေကူးစက်သွားနိုင်မှာပါ။ အရေပြားကနေစလို့ ကိုယ်တွင်းအင်္ဂါတွေဆီအထိရောဂါပိုးတွေကူးစက်ခံရနိုင်ပါတယ်နော်။ ကလေးကို နမ်းတာက တဆင့် ဘယ်လို ရောဂါတွေ ကူးစက်နိုင်လဲ ဆိုတော့ -


▪️ ရေယုန်

▪️ ခံတွင်းအနာတွေ

▪️ သွားနဲ့ခံတွင်းပြဿနာ

▪️ တီဘီရောဂါ

▪️ အသည်းရောင်အသားဝါရောဂါ

▪️ အစာအိမ်ပိုးကူးစက်ခြင်း

▪️ ကြက်ညှာချောင်းဆိုး

▪️ အဖျား စတာတွေပါ။


ဒါကြောင့်ကလေးကိုဖြစ်နိုင်ရင် ကိုယ်တိုင်လည်း မနမ်းမိအောင်သတိထားပြီး အခြားသူတွေကိုလည်းပေးမနမ်းဖို့ ပြောပါရစေ။ ကလေးတွေက ကာကွယ်ဆေးတွေလည်း အပြည့်အဝမထိုးရသေး၊ ကိုယ်ခံအားကလည်း ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် အစစအရာရာကို သတိထားဖို့ပြောပါရစေနော်။


#HelloMomandBaby #Parenting #BabyCare #ShortArticle


ကလေးကို ချစ်ရင် မနမ်းပါနဲ့ ကလေးကို ချစ်ရင် မနမ်းပါနဲ့ 
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
6

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်