🔥 ရေပန်းစားသောအကြောင်းအရာ

ဆောင်းရာသီ မှာ ကလေးတွေကြုံရတတ်တဲ့ အရေပြားပြဿနာများ

ဆောင်းအအေးဒဏ်နဲ့ ခြောက်သွေ့မှုက အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ဒီလို ထိခိုက်တဲ့အထဲမှာ နုနယ်သေးတဲ့ ဘေဘီလေးရဲ့ အရေပြားကလည်း အပါအဝင်ပေါ့။ ဒီတော့ သတိထားနိုင်ဖို့ ဆောင်းရာသီကြောင့် ဘေဘီလေးတွေမှာ ဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေက ဘာတွေများ ဖြစ်မလဲဆိုတာကိ အတူတူ ကြည့်လိုက်ရ အောင်နော်။


ဆောင်းရာသီ မှာ ကလေးတွေကြုံရတတ်တဲ့ အရေပြားပြဿနာများ ကတော့ -


🔷 အပူကန်တဲ့ မိတ်ထွက်ခြင်း

မိတ်ထွက်တယ်ဆိုတာနွေရာသီမှာပဲဖြစ်တာမဟုတ်ပါဘူး။ ရာသီဥတုအေးတယ်ဆိုပြီး ကလေးကို အဝတ်တွေအထပ်ထပ်ဝတ်ပေးထားတာများနေရင်လည်း ချွေးပေါက်လေးတွေပိတ်ပြီး မိတ်ဖုလေးတွေထွက်စေတတ်ပါတယ်။ ကလေးကိုရေဖတ်တိုက်ပေးတာ၊ကြက်သီးနွေး ရေနဲ့ရေချိုးပေးတာက အသားအေးစေပြီး အရေပြားကို ချွေးပေါက်ပွင့်စေနိုင်တာကြောင့်မိတ်ယားသက်သာစေမှာပါ။


🔷 အသားပပ်ခြင်း

ဆောင်းရာသီမှာဖြစ်တဲ့ အသားပပ်ခြင်းက အရေပြားခြောက်သွေ့၊နီရဲပြီး အရေခွံကွာတာဖြစ်ပြီး ကလေးငယ်တွေမှာဆို မျက်နှာနဲ့လက်တွေမှာဖြစ်တတ်ပါတယ်။ နှုတ်ခမ်းလေးတွေခြောက်သွေ့အက်ကွဲတာ၊ ပါးမှာ အသားပပ်တာတွေဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အစိုဓါတ်ထိန်းဖို့ အမွှေးနံ့မပါတဲ့hypoallergenic လိုးရှင်း၊ ခရင်မ်စတဲ့ အဆီတစ်ခုခုနဲ့ ကလေးရဲ့ပါးကို အစိုဓါတ်ထိန်းပေးနိုင်ပါတယ်။


🔷 ကလေးနှင်းခူ

ကလေးတွေရဲ့ လက်၊ခြေထောက်၊ ဦးရေပြား၊ နဖူးနဲ့ပါးတို့မှာ နှင်းခူ ဖြစ်လာတတ်ပါတယ်။ အသားခြောက်လွန်းပြီး ယားယံတဲ့ နှင်းခူဟာ ဓါတ်မတည့်ခြင်းလိုပဲ မိသားစုထဲမှာ မျိုးရိုး လိုက်တတ် ပါတယ်။ နှင်းခူက ဆောင်းတွင်းရဲ့ ခြောက်သွေ့တဲ့လေ သို့မဟုတ် နွေရာသီရဲ့အပူနဲ့ချွေးတို့ကြောင့် ပိုဆိုးတတ်ပါတယ်။


🔷 Cradle cap (ဦးရေပြားရောင်ခြင်း)

Cradle cap ဟာ ကလေးရဲ့ ဦးရေပြားက အဆီဂလင်းတွေမှာ အဆီတွေ များလာတဲ့အခါ ဖြစ်လာတဲ့ အရေပြားပြဿနာပါ။ အဆီတွေပြန်နေပြီး အဝါရောင်အဖတ်တွေကွာလာတတ်ပါတယ်။Cradle cap ကဘေးအန္တရာယ်မရှိသလို ကလေးအသက် ၆လ ကနေ ၈ လအတွင်းမှာ မဖြစ်တော့လောက်ပါဘူး။ ဒီကြားထဲမှာ ဦးရေပြားက အဖတ်တွေကို ဖယ်ရှားနိုင်ဖို့ ခေါင်းမလျှော်ခင် သံလွင်ဆီလေးနဲ့ပွတ်လိမ်းပေးပြီး ဘရက်ရှ်အနုလေးနဲ့အသာအယာဖြီးပေးပါ။


🔷 သေးခံလောင်ခြင်း

အေးလို့ ကလေးကို အဝတ်တွေအထပ်ထပ်ဝတ်ပေးထားတယ်ဆိုရင်တောင်မှ ဒိုင်ပါကိုမကြာခဏစစ်ကြည့်ပေးပါ။ ကလေးရဲ့ပေါင်ကြားနဲ့တင်ပါး တဝိုက်ဟာ အစိုပြန်ခြင်း၊ ပူလောင်ခြင်း၊ ယားယံခြင်းစ တဲ့အရေပြားပြဿနာတွေ ဖြစ်လွယ်တဲ့နေရာဖြစ်ပါတယ်။


#HelloMomandBaby #Parenting #BabyCare #ShortArticle



ဆောင်းရာသီ မှာ ကလေးတွေကြုံရတတ်တဲ့ အရေပြားပြဿနာများဆောင်းရာသီ မှာ ကလေးတွေကြုံရတတ်တဲ့ အရေပြားပြဿနာများ
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
3

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်