🔥 ရေပန်းစားသောအကြောင်းအရာ

Hello doctor

ကိုယ်၀န် ၉ပါတ် ကျော်ပါဆရာ အိမ်သာတက်ရင် ညှစ်ညှစ်ပီး တက်ကပါတယ်ဆရာ အဲ့တာ ကလေးက်ုထိခိုက်နိုင်လားဆရာ ပီးတော့ ခေါက်ဆွဲပြိုတ်တို့ ဂျင်းလက်ဖက်ိုဇောင်းလျားသီးနဲ့နှပ် ထားတာလေး အရမ်းစားချင်နေလို့ပါဆရာ အဲ့တာ စားလို့ရလားရှင့် သားဦးမို့လို့ အရမ်းဆိုးရိမ်လို့ပါဆရာ 🥺

1
17k
မှတ်ချက် 4 ခု

မှတ်ချက် 4ခု

ညှစ်ညှစ်ပြီး တက်တာ ဝမ်းချုပ်နေလို့လား။


ခေါက်ဆွဲပြုတ်- Ready madeအထုပ်တွေ ရံဖန်ရံခါ စားလို့ရပါတယ်။ ဆိုဒီယမ် များတာကြောင့် ခြေလက်တွေ ဖောနေရင်၊ သွေးတိုးရှိရင်၊ ကိုယ်ဝန်ဆိပ်တက်နိုင်ခြေရှိရင် မစားပါနဲ့။ အခုကတော့ ၉ပတ်ဆိုတော့ ကိုယ်ဝန်ဆိပ်တက်တာ၊ သွေးတိုးတာက မသိနိုင်သေးပါဘူး။ အပတ် ၂၀ကျော်မှ သိမှာပါ။ လောလောဆယ်ကတော့ လျှော့စားပါ။ ခေါက်ဆွဲချည်းပဲ မစားဘဲ အသား၊ အရွက်၊ ကြက်ဥ ထည့်စားပါ။


လက်ဖက်- လျှော့စားပါ။ နည်းနည်းပဲစားပါ။ အထူးသဖြင့် ထမင်းစားချိန်မှာ မစားပါနဲ့။ သံဓာတ်နည်းတတ်ပါတယ်။ သွေးအားနည်းရင်တော့ မစားတာ ကောင်းပါတယ်။

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အသီးအရွက်များများစား၊ ရေများများသောက်ပါ။ အထိုင်မများပါစေနဲ့။ ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ဝမ်းချုပ်တာက ပိုဖြစ်လာနိုင်ပါတယ်။ တအားချုပ်ရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ သံဓာတ်အားဆေး သောက်နေသလား။

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@Dr Htet Htet Zaw Win

အရင်တည်းက အိမ်သာတက်ရင် ညစ်ကပါတယ် ဆရာမ ခုပိုဆိုးတာနည်းနည်းပဲသွားတော့လို့ပါ ချုပ်သလိုဖြစ်နေတာပါရှင့်

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်