Hello doctor
ကိုယ်၀န် ၉ပါတ် ကျော်ပါဆရာ အိမ်သာတက်ရင် ညှစ်ညှစ်ပီး တက်ကပါတယ်ဆရာ အဲ့တာ ကလေးက်ုထိခိုက်နိုင်လားဆရာ ပီးတော့ ခေါက်ဆွဲပြိုတ်တို့ ဂျင်းလက်ဖက်ိုဇောင်းလျားသီးနဲ့နှပ် ထားတာလေး အရမ်းစားချင်နေလို့ပါဆရာ အဲ့တာ စားလို့ရလားရှင့် သားဦးမို့လို့ အရမ်းဆိုးရိမ်လို့ပါဆရာ 🥺
ညှစ်ညှစ်ပြီး တက်တာ ဝမ်းချုပ်နေလို့လား။
ခေါက်ဆွဲပြုတ်- Ready madeအထုပ်တွေ ရံဖန်ရံခါ စားလို့ရပါတယ်။ ဆိုဒီယမ် များတာကြောင့် ခြေလက်တွေ ဖောနေရင်၊ သွေးတိုးရှိရင်၊ ကိုယ်ဝန်ဆိပ်တက်နိုင်ခြေရှိရင် မစားပါနဲ့။ အခုကတော့ ၉ပတ်ဆိုတော့ ကိုယ်ဝန်ဆိပ်တက်တာ၊ သွေးတိုးတာက မသိနိုင်သေးပါဘူး။ အပတ် ၂၀ကျော်မှ သိမှာပါ။ လောလောဆယ်ကတော့ လျှော့စားပါ။ ခေါက်ဆွဲချည်းပဲ မစားဘဲ အသား၊ အရွက်၊ ကြက်ဥ ထည့်စားပါ။
လက်ဖက်- လျှော့စားပါ။ နည်းနည်းပဲစားပါ။ အထူးသဖြင့် ထမင်းစားချိန်မှာ မစားပါနဲ့။ သံဓာတ်နည်းတတ်ပါတယ်။ သွေးအားနည်းရင်တော့ မစားတာ ကောင်းပါတယ်။