Pregnancy or not
အရင်လက ကောင်မလေးနဲ့ မထင်မှတ်ဘဲ ၃ကြိမ်ထိ တူတူနေခဲ့ပါတယ် ၃ကြိမ်လုံး၂၄နာရီအတွင်းဆေးတိုက်ပါတယ်၊ အဲ့ဒီလတော့ ရာသီလာခါနီး ၅ရက်လောက်အလိုမှာ ခေါင်းတွေမူး၊ အန်ချင်၊ အနံ့တွေပြင်းပါတယ် စိုးရိမ်နေတဲ့အချိန်မှာဘဲ ၅ရက်နေတော့ ရာသိလာပါတယ် အဲ့နောက်ပိုင်းတူတူမနေဖြစ်ခဲ့ပါဘူး၊ ခုကောင်မလေးရဲ့ချက်အပေါ်လေးမှာ အစေ့လေးသတိထားမိတယ်ဆိုပြီးဖြစ်ပါတယ်၊ သူမကဝတော့ဝပါတယ် အရပ်၅ပေ၂လက်မကို ပေါင် ၁၃၀ရှိပါတယ် ခုသူဗိုက်ချွဲလာသလိုခံစားရလို့လို့ပြောပါတယ်ခင်မျာ အဲ့တာတွေက ခုညမှသတိထားမိပြီးဖြစ်တာပါ၊ ဒါပေမယ့် ဒီမနက် ရာသီလာပါတယ်ခင်မျာ နည်းပါတယ်တဲ့၊ သူလည်းစိုးရိမ်မိ ကိုယ်လဲစိုးရိမ်မိပါတယ်၊ ဒီမနက်ရာသီနည်းနည်းစလာချိန်မှာ မနက်ပိုင်း ၉နာရိဝန်းကျင် အပြာရောင်ဆီးစစ်တန် ဆေးဆိုင်ကတော့ အချိန်မရွေးစစ်လို့ရတဲ့တခုလို့ပြောိလို့စစ်လိုက်ပါတယ် တစ်ကြောင်းပဲပေါ်ပါတယ်ခင်မျာ၊
ရာသီက သူပုံမှန် မဆက်ဆံဖူးသေးတဲ့အချိန် အပျိုစစ်စစ်ပါ လကုန်ပြီး ၅ရက်မှ ၁၀ရက်အတွင်းလာပါတယ်ခင်မျာ ငယ်ငယ်ကတည်းကနေခုထိ ရာသိလာတိုင်းအောင့်ပါတယ်၊ အရင်လကတော့ ၁၄ရက်နေ့ကလာပါတယ် လာခါနီး အပေါ်ကပြောသလို အန်ချင်၊ မူးဝေ၊ အနံ့ပြင်းပါတယ်၊ ခုလတော့ ဒိနေ့၅ရက်နေ့လာပါတယ်ခင်မျာ။
ကိုယ်ဝန်ရနိုင်ချေများလား၊ နည်းလားဆိုတာ သိပါရစေခင်မျာ...
အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။
ဆီးလည်းစစ်ထားတယ်ဆိုတော့ ကိုယ်ဝန်မရှိလောက်ပါဘူး။