🔥 ရေပန်းစားသောအကြောင်းအရာ

မိခင်နို့တိုက်ကျွေးမှုနဲ့ပတ်သက်ပြီး သိထားတဲ့ အယူအဆအမှားအချို့

မိခင်နို့က ကလေးတွေအတွက် အကောင်းဆုံး အာဟာရပါ။ ဒါပေမယ့် ကလေးကို အသက် ၆ လပြည့်တဲ့အထိ မိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးမှ ကလေးက ကျန်းမာစေမှာပါ။ ဒီလိုကျန်းမာစေဖို့ မိခင်နို့ချို တိုက်ကျွေးတာနဲ့ ပတ်သက်ပြီး သိထားတပြ အယူအဆ အမှားတွေကလည်း ရှိပါသေးတယ်။ ကိုယ်တိုင်ရော မှားသိထားသေးလားဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။


နို့တိုက်မိခင်က အစားမားများစားမှ နို့လုံလောက်အောင်တိုက်နိုင်မယ်

နို့တိုက်နေရတဲ့မေမေတစ်ယောက်အနေနဲ့ အာဟာရမျှတစွာနဲ့ ပုံမှန်စားနေကျအတိုင်းအတာ အတိုင်းပဲစားပေးပါနော်။ အစားတွေအများကြီးစားရင်းက မလိုလားအပ်တဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။


နို့တိုက်နေရလို့ ရေများများသောက်ရမယ်

နို့တိုက်မေမေဖြစ်လို့ဆိုပြီး တစ်ချိန်လုံး ရေသောက်နေစရာတော့မလိုပါဘူး။ ရေဆာတဲ့အချိန်မှာတော့ ရေသောက်ရမှာမှန်ပေမယ့်ရေမဆာဘဲ ကလေးနို့တိုက်နေရလို့ဆိုပြီး မဖြစ်မနေသောက်တာမျိုးတော့မလုပ်ပါနဲ့။


ကလေးနို့အများကြီးသောက်တာက နို့မဝဘူးဆိုတဲ့အဓိပ္ပါယ်ပါ

မိခင်နို့က အစာကြေလွယ်ပါတယ်။ မေမေ့နို့ပဲသောက်နေရတဲ့ဘေဘီလေးက ခဏခဏဆာနေတာကပုံမှန်ပါပဲ။ ဒါကြောင့် ကလေးကနို့ခဏခဏသောက်တာဟာ နို့မဝလို့မဟုတ်ပါဘူး။ ။ ကလေးက ၂ နာရီခြားတစ်ခါ ၃ နာရီခြားတစ်ခါနို့သောက်တာက ပုံမှန်ပါနော်။


ကလေးကိုနို့မတိုက်ခင် နို့သီးခေါင်းတွေဆေးဖို့ လိုမယ်

ဒါကလည်းဘေဘီလေးတွေကို စိုးရိမ်လွန်ရာကနေဖြစ်လာတဲ့ ယုံတမ်းစကားတစ်ခုပါ။ နို့တိုက်နေရတဲ့မေမေတွေ အနေနဲ့ရေချိုးချိန်မှာ နို့သီးခေါင်းကိုသေချာဆေးကြောပေးရင်ကို လုံလောက်ပါပြီနော်။


နို့တိုက်နေရလို့ အစားတွေကို အဖြူထည်ပဲ စားရမယ်

နို့တိုက်မေမေမှ မဟုတ်ပါဘူး။ သက်ရှိတိုင်းဟာ အာဟာရမျှတဖို့လိုမှာပါ။ ဒါကြောင့် လုံလောက်တဲ့ အာဟာရ ရရှိစေဖို့ အစားအစာတွေကို ပုံမှန်စားနေကျအတိုင်းပဲစားပေးပါ။


လေ့ကျင့်ခန်းလုပ်တာက နို့ရဲ့အရသာကို ထိခိုက်စေနိုင်တယ်

နို့တိုက်မေမေအနေနဲ့လေ့ကျင့်ခန်းလုပ်တာကြောင့် နို့ရဲ့ အရသာကိုထိခိုက်သွားတာမျိုးမရှိပါဘူး။


ဖျားနေရင် နို့မတိုက်ရဘူး

သာမန်ဖျားနာတာလောက်ကတော့ နို့တိုက်လို့ရပါတယ်နော်။ ကူးစက်နိုင်တဲ့ရောဂါအခံတစ်ခုခု ရှိနေမယ်ဆိုရင်တော့ ကလေးကို နို့မတိုက်သင့်ပါဘူးနော်။


ဆေးတစ်ခုခုသောက်ထားရင် ကလေးကိုနို့မတိုက်ရဘူး

ဒါကတော့ ဆရာဝန်နဲ့သေချာတိုင်ပင်ရမယ့် ကိစ္စပါ။ ဆေးတွေကို ဘယ်အချိန်သောက်ရမယ်။ ဘယ်အချိန်မှာ နို့တိုက်ရမလဲဆိုတာကို ဆရာဝန်နဲ့သေချာလေးတိုင်ပင်ကြည့်ပါ။ ဆေးသောက်ထားတိုင်းကလေးကို နို့မတိုက်ရဘူးဆိုတာကတော့ အပြည့်အဝမမှန်ပါဘူး။


#HelloMomandBaby #Pregnancy #MomsCare #ShortArticle

မိခင်နို့တိုက်ကျွေးမှုနဲ့ပတ်သက်ပြီး သိထားတဲ့ အယူအဆအမှားအချို့မိခင်နို့တိုက်ကျွေးမှုနဲ့ပတ်သက်ပြီး သိထားတဲ့ အယူအဆအမှားအချို့
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
11

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်