Menstruation/Ovulation day
Hello Doctor ရှင့်
ညီမ အရင်က e pill သုံးကြိမ်လောက်သောက်ခဲ့ဖူးပါတယ် သောက်ပေမဲ့ ရာသီစက်ဝန်းက လတိုင်း 3ရက်နေ့ပုံမှန်ဖြစ်နေပါတယ်ရှင့် ဖြစ်တဲ့ရက်ကတော့နည်းတယ်ရှင့် တစ်လကို2ရက်ပဲကောင်းကောင်းသွေးဆင်းပြီး ကျန်ငါးရက်လောက်က တစ်စက်တစ်စက်စီဆင်းတယ်ရှင့် ရက်မှန်ပေမဲ့ ရာသီနည်းတာမျိုးပေါ့ ညီမကိုယ်အလေးချိန်ကလဲ ပေါင်80 ပဲရှိပါတယ်ရှင့်
သိချင်တာလေ အဲ့လိုပုံမှန်ရာသီဖြစ်ရင် ovulation ဖြစ်မဲ့နေ့ကလဲ မှန်မှာပဲပေါ့နော် ရက်ရှောင်နည်းသုံးရင်လို့အဆင်ပြေမလားရှင့် ပြီးတော့ ရာသီက 2ရက်ပဲဖြစ်တာက ပုံမှန်ပဲလားရှင့် ဟော်မုန်း balance မညီတာကြောင့်လားရှင့် မညီတာကြောင့်ဆိုရင် marvelon 28 ကိုသောက်ပေးရင်တော့အဆင်ပြေနိုင်မလားရှင့် OG နဲ့ပြဖို့ကမလွယ်လို့ပါ သားအိမ်ရေအိတ်တည်တာဘာညာကရော ရာသီရက်နည်းတာနဲ့သက်ဆိုင်လားရှင့် မေးခွန်းလေးတွေများသွားပေမဲ့ ဖြေပေးပါအုံးနော်🙆🙇
ရက်ရှောင်နည်းက သန္ဓေတားနည်းလမ်းတွေထဲမှာ သိပ်ပြီး စိတ်မချရပါဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် တားဆေးတစ်ခုခုကိုပဲ ပုံမှန်သုံးစေချင်ပါတယ်။
ဘာသုံးသင့်လဲဆိုတာကတော့ အိုဂျီနဲ့ အရင်တိုင်ပင်ပါ။ အွန်လိုင်းဆေးခန်းတွေကနေ ပြလို့ရပါတယ်။