🔥 ရေပန်းစားသောအကြောင်းအရာ

ဘေဘီလေးကို ငုံးဥ ကျွေးလို့ ရမလား!

ဘေဘီလေးကို အားရှိအောင် ကြက်ဥကျွေးလို့ရတယ်တော့ ပြောတယ်။ ငုံးဥရော ကျွေးလို့မရဘူးလားဆိုတော့ ရပါတယ်။ ဘေဘီလေး အသက် ၉ လလောက်ရောက်ပြီဆိုရင် ဘေဘီလေးကို ငုံးဥ စကျွေးလို့ ရပါပြီ။

ငုံးဥကျွေးတဲ့အခါ ဘေဘီလေးကို အကာစကျွေးပေးပါ။ နည်းနည်းချင်းစီ စကျွေးပြီး ဘေဘီလေးနဲ့ တည့်တယ်၊ ဓာတ်မတည့်တဲ့ လက္ခဏာလည်း မပြဘူးဆိုရင် အနှစ်ရော အကာပါ စိတ်ချလက်ချ ကျွေးလို့ရပါပြီ။


ငုံးဥက ဘေဘီလေးအတွက် ကောင်းကျိုးများသလား!

ငုံးဥက ဘေဘီလေးအတွက်ကောင်းကျိုး များသလားဆိုတော့ ငုံးဥမှာ အကျိုးပြု အဆီဓာတ်တွေ၊ ပရိုတင်း၊ သံဓာတ်၊ ဇင့်ဓာတ် တို့လိုမျိုး ဘေဘီလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရတွေ ပါဝင်နေပါတယ်။ ငုံးဥ အနှစ်မှာဆိုရင် ဗီတာမင် B အုပ်စု၊ ဗီတာမင် D တွေ ပါဝင်နေပြီး အရိုးတွေ သန်မာစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ် စုပ်ယူမှု ကောင်းစေဖို့ အားဖြည့်ပေးပါတယ်။


ဘေဘီလေးကို ငုံးဥကျွေးပေးတဲ့အခါ

🔹ကိုယ်ခံအား ကောင်းစေတယ်

🔹ရောဂါပိုးတွေ ကူးစက်ခံရမှုကနေ ကာကွယ်ပေးတယ်

🔹နေမကောင်းတဲ့အခါ မြန်မြန် နလန်ထစေမယ်

🔹အရိုး နဲ့ ကြွက်သားတွေ ဖွံ့ဖြိုးစေမယ်

🔹သံဓာတ် အားနည်းမှု ကင်းစေမယ်

🔹သတ္တုဓာတ်တွေ ကြွယ်ဝစေမယ်

🔹သွေးအားနည်းရောဂါ ကာကွယ်နိုင်မယ်

🔹ခေါင်းကိုက်တာ ကင်းစေမယ်

🔹ပန်ပန်းနွမ်းနယ်မှု ကင်းစေမယ်

🔹ဦးနှောက် ဖွံ့ဖြိုးစေမယ်

🔹မှတ်ဉာဏ်ကောင်းစေမယ်

🔹သင်ယူနိုင်စွမ်း ကောင်းစေမယ် စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါတယ်။


ဘေဘီလေးကို ၉ လအရွယ်မှာ ငုံးဥကို တစ်နေ့ ၂ လုံးအထိ ကျွေးလို့ရပါတယ်။ ဒီလိုကနေမှ ၃ လုံး ၅လုံး စသဖြင့် အသက်အရွယ်အလိုက် တိုးကျွေးသွားလို့ ရပါတယ်။


🔺အမှာစကား 🔺

သတိထားရမယ့် တစ်ချက်ကတော့ ဘေဘီလေးကို ငုံးဥကျွေးတဲ့အခါ သေချာ ကျက်အောင် ပြုတ်ပေး၊ ကြော်ပေးဖို့ပါ။ ဒီလိုလုပ်ဆောင်ပေးမှ ဘေဘီလေးကို salmonella ပိုးဝင်ရောက် ကူးစက်ခံရမှုကနေ ကာကွယ်ပေးနိုင်မှာပါ။



#HelloMomandBaby #Parenting #BabyCare #ShortArticle

ဘေဘီလေးကို ငုံးဥ ကျွေးလို့ ရမလား!ဘေဘီလေးကို ငုံးဥ ကျွေးလို့ ရမလား!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
17

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်