Doctor ဖြေပေးပါအုန်းခင်ဗျ
ဆရာမခင်ဗျ ကောင်မလေးနဲ့ sexလုပ်ခဲ့ပါတယ်ခင်ဗျ 25.9.23 မှာsexလုပ်ခဲ့ပါတယ်ခင်ဗျ အကာကွယ်တော့ မပါဘူးခင်ဗျ အပြင်မှာပဲပီးခဲ့ပီး နီးစပ်ရာဆေးခန်းက လေဒီယာ1safeကို မိနစ်ပိုင်းတွင်း သောက်ခဲ့တယ်ခင်ဗျ အရင်လကတော့ 12.9.23မှာရာသီလာပီး 20.9.23မှာပီးသွားတယ်ခင်ဗျ ဒီလလည်း10.10.23မှာလာပီး 13.10.23မှာပီးသွားတယ်ခင်ဗျ ရာသီရက်ကလည်းတို နေလို့ခင်ဗျ ရာသီလာပီး 15.16တေမှာ ခေါင်းနောက်နေသလိုဖြစ်နေလို့ပါခင်ဗျ ကိုယ်ဝန်ရသွားလို့လားခင်ဗျ
တစ်ခြားတော့ဘာမှမဖြစ်ပါဘူးခင်ဗျ ရာသီလာတကလည်းပုံမှန်ဆင်းပါတယ် ပုံမှန်အရောင်ပါပဲခင်ဗျ
ကောင်မလေးက ခေါင်းနောက်တယ်ဖြစ်နေလို့ခင်ဗျ
ကိုယ်ဝန်ရသွားမှာစိုးရိမ်လို့ပါဆရာမ အဲ့တာတစ်ချက်လောက်ဖြေပေးပါအုန်းခင်ဗျ
အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ကို စိတ်ပူတယ်ဆိုရင် အတူနေပြီး ၃ပတ်ပြည့်တဲ့အခါ ဆီးစစ်ကြည့်လို့ ရပါတယ်။