🔥 ရေပန်းစားသောအကြောင်းအရာ

ဘေဘီလေးကို မုန်လာဥနီ ပြင်ဆင်ပေးသင့်၊ မပေးသင့်!

မုန်လာဥနီက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတော့ ကလေးကျန်းမာစေဖို့ရော ကျွေးလို့ရမလားဆိုပြီး သိချင်နေပြီလား! မေမေ ဒါဆိုရင်တော့ ကျွေးလို့ရတယ်လို့ ပြောပါရစေနော်။ ဘေဘီလေးက အသက် ၆ လပြည့်ပြီ အစာမာလည်း စစားတတ်ပြီ ဆိုရင် သေချာနူးအိနေအောင် ချက်ထားတပြ မုန်လာဥနီချိုချိုလေးကို စမိတ်ဆက်ပေးလို့ ရပါတယ်။


ဘေဘီလေးကို မုန်လာဥနီ ပြင်ဆင်ပေးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရစေနိုင်လဲ!

ဘေဘီလေးကို မုန်လာဥနီ ကျွေးပေးမယ်ဆိုရင် -


အမြင်အာရုံ ကောင်းစေတယ်

မုန်လာဥနီမှာ အမြင်အာရုံအတွက် ဗီတာမင် တစ်မျိုး ဖြစ်တဲ့ ဘီတာကယ်လ်ရိုတင်း ပါဝင်နေတာကြောင့် မျက်လုံးတွေကို ကျန်းမာစေပြီး အမြင်အာရုံကို ဖွံ့ဖြိုးစေနိုင်ပါတယ်။


ဝမ်းမှန်စေနိုင်တယ်

မုန်လာဥနီမှာ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ပါဝင်မှု များတာကြောင့် ဘေဘီလေးရဲ့ အစာခြေ စနစ်ကို ကျန်းမာစေပြီး ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။


အရေပြား ကျန်းမာစေနိုင်တယ်

မုန်လာဥနီမှာ ဘီတာကယ်လ်ရိုတင်း ပါဝင်နေတာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး ဗီတာမင် C ပါဝင်မှုက အနာကျက်မြန်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။


ကင်ဆာ ကာကွယ်ပေးနိုင်တယ်

မုန်လာဥနီမှာ Phytochemicals ပါဝင်နေတာကြောင့် နှလုံးရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးသလို ကင်ဆာ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ဘေဘီလေးကို နာတာရှည် ရောဂါတွေ မဖြစ်စေဖို့နဲ့ ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးချင်တယ်ဆိုရင် ငယ်စဉ်ကတည်းက မုန်လာဥနီ ကျွေးပေးလို့ ရပါတယ်။


ဘေဘီလေးကို မုန်လာဥနီ ပြင်ဆင်ပေးသင့်၊ မပေးသင့်! ဘေဘီလေးကို မုန်လာဥနီ ပြင်ဆင်ပေးသင့်၊ မပေးသင့်! 
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
6
2

မှတ်ချက် 2ခု

ကျွန်မအမေက သိပ်မကြာခင်ကမှ မျက်လုံးရေတိမ်ဖြစ်လို့ခွဲထားရတယ် ဆရာဝန်ကတော့တစ်လလောက်သေချာအနားယူလို့ပြောလို့သေချာအနားယူလိုက်တယ် ဒါပင်မဲ့ဖြစ်ချင်တော့အက်ခွဲထားတဲ့မျက်စိကတစ်ခါတစ်လေနီတယ်တစ်ခါတစ်လေကြရင်လဲနည်းနည်းနာတယ် ဆရာဝန်ကတော့ပြောပါတယ် ခွဲထားတဲ့အရှိန်ကြောင့်ဖြစ်တာတဲ့ ဒါပင်မဲ့အမေက သိပ်အဆင်မပြေဘူး ဘာဆက်လုပ်ရမလဲရှင်😢

လွန်ခဲ့သော 11 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆရာဝန််က မျက်စဉ်းတွေ ညွှန်ထားလိမ့်မယ်လို့ ထင်ပါတယ်။ အဲ့တာတွေ သေချာထည့်ပါ။

လွန်ခဲ့သော 11 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်