🔥 ရေပန်းစားသောအကြောင်းအရာ

ဘေဘီလေးက ဩဇာသီး စားလို့ ရမလား!

ဘေဘီလေးက အသက် ၆ လပြည့်ပြီဆိုရင် အသီးတော်တော်များများကို ကျွေးလို့ ရပါပြီ။ ဩဇာသီးကိုလည်း အသက် ၆ လပြည့်လို့ solid food တွေ စတင်မိတ်ဆက်ချိန်မှာ ကျွေးလို့ ရပါတယ်။ သေချာမှည့်နေတဲ့ ဩဇာသီး ဖြစ်ဖို့တော့ လိုပါမယ်။ အမှည့်လွန်နေတာမျိုးလည်း မဖြစ်ရပါဘူး။


ဘေဘီလေးကို အစေ့လေးတွေ အားလုံးဖယ်ပြီး ကျွေးဖို့ လိုပါမယ်။ ဩဇာသီးက အချိုဆုံး အသီးတစ်မျိုး ဖြစ်တာကြောင့် သကြားထပ်ထည့်ကျွေးတာမျိုး မလုပ်ဖို့ ပြောပါရစေ။ ခွဲပြီး ၅ မိနစ်အတွင်းမှာ ဘေဘီလေးကို ကျွေးဖို့ လိုပါမယ်။ ဘေဘီလေးကို ဩဇာသီး ကျွေးပေးတာက


🔹ကိုယ်ခံအား ကောင်းစေမယ် - ဗီတာမင် C ပါဝင်နေတာကြောင့် ဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။


🔹အရိုးတွေ သန်မာစေမယ် - ကယ်လ်ဆီယမ် ပါဝင်တာကြောင့် အရိုးတွေ သန်မာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။


🔹မျက်လုံး ကျန်းမာစေတယ် - ဗီတာမင် A ပါဝင်တာကြောင့် မျက်လုံး ကျန်းမာစေတယ်။


🔹သွားတွေ ကြံ့ခိုင်စေတယ် - ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် သွားတွေ ကြံ့ခိုင်စေပါတယ်။


🔹အစာအိမ် အူလမ်းကြောင်း ကျန်းမာစေတယ် - အမျှင်ဓာတ် ပါဝင်နေတာက အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။


🔹ဘက်တီးရီးယားတွေ တိုက်ဖျက်ပေးတယ် - ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး အရေပြားမှာ ရောဂါပိုးတွေ ကြောင့် ထိခိုက်မိတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။


#HelloMomandBaby #Parenting #BabyCare #ShortArticle


ဘေဘီလေးက ဩဇာသီး စားလို့ ရမလား!ဘေဘီလေးက ဩဇာသီး စားလို့ ရမလား!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
2
1

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်