🔥 ရေပန်းစားသောအကြောင်းအရာ

ဗိုက်ထဲက ဘေဘီလေး ခေါင်းစိုက်ပြီလား!

မွေးရက်နီးလာလာလေလေ မေမေတိုင်းသိချင်တဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ဘေဘီလေးရဲ့ ခေါင်းက မွေးလမ်းကြောင်းထဲ စိုက်ပြီလားဆိုတဲ့ ကိစ္စပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ မွေးရက်နီးလာလို့ ဘေဘီလေး ခေါင်းစိုက် တဲ့အခါ ဘယ်လိုတွေခံစားရနိုင်လဲဆိုတာကို ပြောပြပေးပါမယ်။


ဘေဘီလေး မွေးလမ်းကြောင်းထဲကို ခေါင်းစိုက် တယ်ဆိုတာက မွေးဖွားဖို့ အသင့်ပြင်နေပြီလို့ မေမေ့ဆီပေးပို့တဲ့ ပထမဆုံးသတင်းစကားပါ။ ကိုယ်ဝန်ဆောင်ကာလ ၃၂ ပတ်နဲ့ ၃၆ကြားလောက်မှာ ဘေဘီလေးက မွေးလမ်းကြောင်းထဲကို ခေါင်းစစိုက်တတ်ကြပါတယ်။ဒီလိုအချိန်မှာ မေမေ့အနေနဲ့ အခုလို သိသိသာသာပြောင်းလဲမှုတွေကို ခံစားရနိုင်ပါတယ်။


🔸ဗိုက်ကအောက်ကျသွားမယ် - ဘေဘီလေးက အနေအထား ပြောင်းလိုက်တာကြောင့် မေမေ့ဗိုက်က အောက်ဘက်ကို ခပ်လျောလျောလေး ကျသွားနိုင်ပါတယ်။


🔸ပေါ့သွားသလို ခံစားရမယ် - ဘေဘီလေးက အောက်ဖက်ကို ရောက်သွားတာကြောင့် ဗိုက်ထဲက ပေါ့သွားသလို ရှိနိုင်ပါတယ်။


🔸နံရိုးတွေပေါ်က ဖိအားနည်းနည်းလျော့သွားမယ် - ဘေဘီလေးက အောက်ဘက်ကိုရောက်သွားပြီ ဖြစ်တာကြောင့် နံရိုးပေါ်မှာ သက်ရောက်နေတဲ့ ဖိအားတွေကလျော့သွားတာပါ။


🔸အသက်ကိုရှိုက်ရှူလို့ရလာပြီ - ကိုယ်ဝန်အစောပိုင်းကာလတွေကထက် အသက်ကို ခပ်ပြင်းပြင်းရှိုက်ရှူလို့ ရလာပါမယ်။


🔸ရင်ပူတာ သက်သာလာမယ် - ဘေဘီလေးက အစာရေမျိုတွေ၊ အစာအိမ်အပေါ်ပိုင်းတွေနဲ့ဝေးတဲ့ တင်ပဆုံပိုင်းကို ဆင်းလာပြီဖြစ်တာကြောင့် အစာအိမ်မှာ ဝန်ပိနေတာမျိုးမဖြစ်တော့တာကြောင့် ရင်ပူတာ သက်သာလာမှာပါ။


🔸ဆီးခဏခဏသွားချင်မယ် - ကလေးက တင်ပဆုံပိုင်းကို ရောက်လာပြီဖြစ်တာကြောင့် ဆီးအိမ်ပေါ်မှာ ဖိမိသလိုဖြစ်ပြီး ဆီးခဏခဏသွားချင်နေတာမျိုး ဖြစ်နိုင်ပါတယ်။


🔸ခါးနာမယ် - ဘေဘီလေးရဲ့ ကိုယ်အလေးချိန်က အောက်ဘက်ကို ရောက်လာပြီဖြစ်တာကြောင့် ခါးက အရင်ကထက် အလေးချိန်တွေကို ပိုထမ်းလာရပြီး ခါးနာလာနိုင်ပါတယ်။


🔸ဗိုက်ခဏခဏဆာမယ် - ဘေဘီလေးက ခေါင်းစိုက် လာပြီဖြစ်တာကြောင့် အစာအိမ်ပေါ်မှာ ဝန်ဖိထားတာမျိုးမရှိတော့တဲ့အတွက် ဗိုက်ခဏခဏဆာလာနိုင်ပါတယ်။


#HelloMomandBaby #Pregnancy #MomCare #ShortArticle


ဗိုက်ထဲက ဘေဘီလေး ခေါင်းစိုက်ပြီလား!ဗိုက်ထဲက ဘေဘီလေး ခေါင်းစိုက်ပြီလား!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
2

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်