Pregnant ?
အတူတူနေပြီး အရေးပေါ်တာဆေးသောက်ထားပါတယ်ဆရာ ၁ ပတ်အကြာမှာရာသီပုံမှန်လာပါတယ်ဆရာ ရက် ၂၀ လောက်ကြာတော့ မနက်ဖက် ရာသီ နဲနဲ လေး ၃ရက်လောက်လာပါတယ်ဆရာ နောက်ရက်မှာလဲ ၃ရက်လောက်ကြာအောင် အဖြူဆင်းပါတယ်ဆရာ အဖြူကပုံမှန်ပါပဲဆရာ အဲ့တာ ကိုယ်ဝန်ရှိနိုင်လားဆရာ တခြားရောဘာဖြစ်နိုင်မလဲဆရာ

















အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ကို စိတ်ပူရင် အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဆီးစစ်ကြည့်နိုင်ပါတယ်။