🔥 ရေပန်းစားသောအကြောင်းအရာ

ဝမ်းလျှောနေတဲ့ သားသားမီးမီးတို့ကို ဘယ်လို ဂရုစိုက်မလဲ!

မိုးရာသီ ဒါမှမဟုတ် နွေပူပူကာလတွေက ဘေဘီလေးတွေမှာရော လူကြီးတွေမှာပါ ဝမ်းလျှောတာ အဖြစ်များပါတယ်။ လူကြီးတွေမှာ ဝမ်းလျှောတာက ပြင်းထန်သလို ကလေးတွေမှာလည်း မသက်သာတာတော့ အမှန်ပါပဲ။ ဒီတော့ ဝမ်းပျက်ဝမ်းလျှောနေတဲ့ သားသားမီးမီးတို့ကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။


🔵 မိခင်နို့တိုက်ပါ - ကလေးက အရမ်းငယ်သေးတယ်။ ဝမ်းကလည်း ခဏခဏ သွားနေမယ်ဆိုရင် မိခင်နို့ကို ကလေးကို တတ်နိုင်သမျှ များများလေး သောက်ပေးပါ။ ဒီလို တိုက်ပေးတာက ကလေးကို ရေဓာတ်ပြည့်ဝစေဖို့ ထောက်ကူပေးမှာပါ။


🔵 အုန်းစိမ်းရည် - ကလေးကို ဝမ်းလျှောနေတာ သက်သာစေဖို့ အုန်းစိမ်းရည်တိုက်ပေးတာကလည်း နည်းလမ်းကောင်းပါ။ ဒါကြောင့် ကလေးက ဝမ်းပျက်နေပြီဆိုရင် သက်သာစေဖို့ အုန်းစိမ်းရည်လေး ဝင်သလောက် တိုက်ပေးပါ။


🔵 ငှက်ပျောသီး ကျွေးပါ - ငှက်ပျောသီးမှည့်လေး ပြင်ဆင်ပေးတာကလည်း ကလေး ဝမ်းသွားတာကို သက်သာစေနိုင်တာကြောင့် ကလေးက ဝမ်းသွားနေပြီဆိုရင် ငှက်ပျောသီးလေး ပြင်ဆင်ပေးလို့လည်း ရပါတယ်။


🔵 ဓာတ်ဆားရည်တိုက်ပါ - ဓာတ်ဆားရည်တိုက်ပေးတာကလည်း ကလေးဝမ်းလျှောတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဘေဘီလေးတွေ သောက်တဲ့ ဓာတ်ဆားရည် တိုက်ပေးတာက နည်းလမ်းကောင်းပါ။


🔵 ပျားရည် တိုက်ပါ - တကယ်လို့ ကလေးက တစ်နှစ်အထက်ဆိုရင် ကလေးကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ရေအေးနဲ့တိုက်ပေးပါ။ ဝမ်းလျှောတာ သက်သာသွားပါလိမ့်မယ်။


🔵 အာဟာရပြည့်ဝအောင်ကျွေးမွေးပေးပါ - ဝမ်းသွားနေတဲ့ကလေးငယ်ကို မြန်မြန်သက်သာစေဖို့ဆိုရင် အာဟာရပြည့်ဝအောင်ကျွေးဖို့ကိုလည်းမေ့ထားလို့ မဖြစ်ပါဘူး။ ဒါကြောင့် ကလေးက အစားစစားတတ်နေပြီဆိုရင် အာဟာရပြည့်ဝမယ့် အစားအသောက်တွေကိုကျွေးမွေးပေးပါ။


ဒီနည်းလမ်းလေးတွေ လုပ်ပေးပေမယ့် ကလေးက ဝမ်းလျှောတာ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပေးဖို့ အကြံပြုချင်ပါတယ်။


#HelloMomandBaby #ShortArticle


ဝမ်းလျှောနေတဲ့ သားသားမီးမီးတို့ကို ဘယ်လို ဂရုစိုက်မလဲ!ဝမ်းလျှောနေတဲ့ သားသားမီးမီးတို့ကို ဘယ်လို ဂရုစိုက်မလဲ!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
1

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်