Backpain
Left shoulderနောက်ခြမ်း ကျောလယ်ကခုလုခုလုခံစားရပြီး အောင့်ပါတယ်
မြန်မာနိုင်ငံမှာမဟုတ်တော့ဆေးလည်းထွက်မပြနိုင်လို့ပါ မတ်တပ်ရပ်ရပြီး hospitality industryမှာအလုပ်လုပ်ရသူပါ ခါးအောက်ပိုင်းအောင့်တက်နာတက်ပြီး ဆေးလူးရင်သက်သာပါတယ် but ကျောတည့်တည့်ရယ် left shoulderအောက်နားဘက်က ကျောရယ်ကအောင့်တာကအရမ်းနာလို့ပါ ဘာလုပ်သင့်လဲ အကြံပေးပေးကြပါ အသက်က ၂၃ပါ
အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရပါတယ်။ ပါရာစီတမောလောက်က စသောက်ကြည့်ပါ။ ဒါပေမဲ့ ဒါက ခဏပဲ သက်သာမှာပါ။
တစ်နေကုန် မတ်တပ်ရပ်ရတဲ့အခါ အနေအထားမမှန်ရင် ကျောနာတာ၊ ခါးနာတာ ဖြစ်တတ်ပါတယ်။ အနေအထားမှန်အောင် ရပ်ပါ။ ဥပမာ ကိုယ်မသိလိုက်ဘဲ ခါးကြီးကုန်းနေမိတာတွေ ဖြစ်တတ်ပါတယ်။
အလုပ်ချိန်မှာ နာရီခြားတစ်ခါ ၅မိနစ်လောက်ဖြစ်ဖြစ် နောက်ကျောက အကြောတွေလျှော့ပါ။
အိမ်ပြန်ရောက်ရင် ကြမ်းပေါ်မှာ ပက်လက်အနားယူပါ။ ခေါင်းအုံတွေ ဘာတွေ မလိုပါ။ စောင်ပါးလေး ခင်းပြီးပက်လက်လှဲပြီး တစ်ကိုယ်လုံးကို လျှော့ချထားလိုက်ပါ။