Hello Sayarwon
ကောင်လေးနဲ့ 7လပိုင်း7ရက်က အတူနေခဲ့ပါတယ်
အရေးပေါ်တားဆေးလည်း သောက်ခဲ့ပါတယ်
7လပိုင်း 17ရက်နေ့မှာ ရာသီလာပါတယ်
အဲ့ဒီနောက် ရာသီထပ်မလာတော့လို့ပါ
ပုံမှန်ဆို ရာသီမမှန်တဲ့အထဲပါပါတယ်
အခုရက်ပိုင်း အဖြူပျစ်ပျစ်ဆင်းတာမျိူးတွေ အားနည်းတာမျိူးတွေ စိတ်ဆတ်တာမျိူးတွေ ဖြစ်နေလို့ အဲ့ဒါကိုယ်ဝန်ရှိနေနိုင်လားရှင့်
ကြားထဲမှာလည်း ဆီး၃ခါစစ်ပါတယ်
တခါစစ်ရင် ၂ခုစီစစ်ပါတယ်
၃ခါလုံး Negativeပါ
အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။
ဒီနေ့ ကောင်မလေးနဲ့တူတူနေဖြစ်ခဲ့ပါတယ်
ပထမဆုံးတစ်ခေါက်မှာ condom မသုံးခဲ့မိဘူးဗျ ပြီးခါနီးကျတော့ သိသိချင်း အမြန်ထုတ်လိုက်တယ်ဗျ ဒါမယ့် အထဲကို ဝင်သွားတယ်လို့ ခံစားမိတယ်ဗျ အပြင်မှာလည်း ပြီးလိုက်ပါတယ်
နောက်တစ်နာရီခွဲနေတော့ အရေးပေါ်တားဆေး laydia သောက်ခိုင်းလိုက်ပါတယ်ဗျ
အဲ့ဒါ ကိုယ်ဝန်ရနိုင်ချေများလား နည်းလား သိချင်လို့ပါဗျ ၈လပိုင်း၁၀ရက်နေ့က ရာသီလာတာပါ
မရှိပါဘူးတားဆေးကြောင့်နာက်ကျနေတာပါဘာမှစိတ်ပူစရာမရှိပါ