🔥 ရေပန်းစားသောအကြောင်းအရာ

အာလောက်လောက် မလုပ်ခင် ဒါလေး အရင်ဖတ်ပါ!

ဘေဘီလေးကို ချစ်လို့ ခိုးခိုးခစ်ခစ်ရယ်တဲ့ အသံလေးကို ချစ်လိုက်တာဆိုပြီး ကျီးဖြူကျီးမဲ ဆော့ရင်း ကလိထိုးနေမိလား........ မေမေဖေဖေတို့ရေ။ ဒါဆိုရင်တော့ ကလိထိုးတဲ့အခါ ဘေဘီလေး ရယ်တာ ပျော်လို့ရယ်တာလား....... ဘာကြောင့် ရယ်တာလဲ ဆိုတာကို သေသေချာချာသိဖို့ ဒါလေးကို ဖတ်ကြည့်လိုက်ပါ။


ကလိထိုးတဲ့အခါ ဘေဘီလေး ရယ်တာ ပျော်လို့ မဟုတ်ပါဘူး။ ကလိထိုးလို့ ကသိကအောင့် ဖြစ်နေတာကို ရပ်ပါလို့ ပြောရခက်နေတာကြောင့်ပါ။ကလိထိုးလို့ ကသိကအောင့် ဖြစ်တယ်ဆိုရင် ကလေးက ဘာလို့ မငိုတာလဲလို့ မေးစရာရှိနေနိုင်ပါတယ်။ ကလိထိုးတဲ့အခါ ရယ်တာက အလိုလျောက်ဖြစ်လာတဲ့ တုံ့ပြန်မှု တစ်ရပ်ပါ။ ကလေးကတော့ ကလိထိုး မရပ်သရွေ့ ရယ်နေမှာပါပဲ။ ဒါကြောင့် ကလေးက ရယ်တယ်ဆိုပြီး တောက်လျောက် ကလိထိုး မနေဖို့ ပြောချင်ပါတယ်။


ကလေးကို ကလိထိုးတာက

  • စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုကို ခံစားရစေနိုင်ပါတယ်
  • လူတွေကို ယုံကြည်မှုနည်းသွား စေနိုင်ပါတယ်
  • ရုတ်ရက် အသက်ရှူရပ်သွားတာမျိုး ဖြစ်နိုင်ပါတယ်
  • အသက်ရှူရခက်တာ
  • ရယ်ရင်း တက်သွားတာမျိုး ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။


ဒါကြောင့် ဖွံ့ဖြိုးဖို့ စိတ်ရောကိုယ်ပါ အရှိန်ယူနေတဲ့ ဘေဘီလေးကို ကိုယ့်လက်နဲ့မနှိပ်စက်မိစေဖို့ ကလိမထိုးကြဖို့ ပြောပါရစေ။ ကလိထိုးတာက ကလေးကို ပျော်ရွှင်မှု မပေးနိုင်ဘဲ စိတ်ရောကိုယ်ပါ ပင်ပန်းစေနိုင်တယ်ဆိုတာကိုသတိထားစေချင်ပါတယ်။

အာလောက်လောက် မလုပ်ခင် ဒါလေး အရင်ဖတ်ပါ!အာလောက်လောက် မလုပ်ခင် ဒါလေး အရင်ဖတ်ပါ!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
5

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်