Depo-Provera ၃လခံဆေးထိုးပြီးရာသီပုံမှန်လာခြင်း
လွန်ခဲ့တဲ့တစ်လလောက်ကDepo-Proveraထိုးပြီးအတူနေဖြစ်ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်ကနောက်ဆုံးအတူနေဖြစ်တာပါ။အခုပုံမှန်ရာသီရက်အတိုင်းရာသီဆက်လာနေပါတယ်။အရင်ထက်တော့သွေးဆင်းတာနည်းပါတယ်။ရာသီမလာခင်တစ်ရက်မှာ မိနစ်ပိုင်းလောက် အဝါရောင်အရည်နည်းနည်း ဆင်းပါတယ်။ပြီးတော့ရပ်သွားပြီး နောက်တစ်ရက်မှသွေးနည်းနည်းစီစဆင်းတာပါ။ဆရာဝန်တွေပြောတာက၃လခံဆေးထိုးပြီးရင်ရာသီမလာဘူးဆိုပြီးအခုကျဘာလို့လာတာလဲဗျ။ကိုယ်ဝန်တွေဘာတွေနဲ့များဆိုင်လား။ဒါမှမဟုတ်ပုံမှန်ရာသီလာတာမျိုးလား။ရာသီလာတာကတော့၃ရက်ရှိပါပြီ။အဝါဆင်းတဲ့နေ့ကရာသီလာမယ့်လက္ခဏာစပြတာပါ။အမျိုးသမီးကလည်းရာသီလာတော့မယ်ဆိုတာခံစားမိတယ်ပြောပါတယ်။ပြီးတော့သွေးစဆင်းတာပါဘဲ။
အဝါရောင်အရည်ကအစက်သဘောလောက်ဘဲထွက်တာပါ။ပြီးတော့အမျိုးသမီးကအခုထိဘာမှထူးခြားတာထပ်မဖြစ်တော့ဘူးပြောပါတယ်။အရင်ရာသီလာနေကျအတိုင်းဘဲခံစားရတယ်ပြောပါတယ်ဗျ။ရာသီပြန်လာနေတယ်ဆိုရင်ကိုယ်ဝန်မရှိဘူးလို့ယူဆလို့ရလားဗျ။အဝါရောင်အရည်ကပိုးကူးစက်တဲ့လက္ခဆိုတာဟုတ်လားဗျ။ထပ်မထွက်ရင်ဘေးကင်းတယ်လို့ယူဆလို့ရလားဗျ။
တားဆေးထိုးပီး တစ်လအကြာ အမျိုးသမီးက ရာသီလာနေချိန်
အတူနေမိရင် ကိုယ်ဝန်ရနိုင်ခြေရှိလားဗျ
Depoထိုးရင် 'အများစု'က ရာသီမလာတာပါ။ ပုံမှန်လာနေတဲ့သူ၊ လာတာနည်းသွားတဲ့သူတွေ၊ ဒီလလာပြီး နောက်လမလာလိုက်ဖြစ်တဲ့သူတွေလည်း ရှိပါတယ်။
မလာကို မလာရဘူး မဟုတ်ပါဘူး။
ရာသီက ပုံမှန်အတိုင်း ဆင်းနေရင် ပြဿနာ မရှိပါ။ အဝါရောင်အရည်ဆင်းတာကတော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြကြည့်ပါ။