🔥 ရေပန်းစားသောအကြောင်းအရာ

မေမေဖေဖေတို့ရဲ့ ကိုယ်အလေးချိန်က ဘေဘီလေးရရှိမှုအပေါ် သက်ရောက်နေသလား!

ကိုယ်အလေးချိန် ရှိသင့်တာထက် များနေတာ နည်းနေတာက ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တယ် ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အခုလည်း ဒီလိုပါပဲ။ စုံတွဲတွေမှာ ကလေးမရတာက မေမေ ဒါမှမဟုတ် ဖေဖေက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေခြင်း များနေခြင်းကလည်း ဘေဘီလေး ရရှိနိုင်မှု အပေါ်မှာ သက်ရောက်နေပါတယ်။


မေမေတို့မှာ ဆိုရင်တော့ ကိုယ်အလေးချိန်က မျိုးအောင်စေနိုင်တဲ့ ဟော်မုန်းပမာဏနဲ့ လုပ်ငန်းစဉ်တွေ အပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။ မေမေက အရမ်းပိန်မယ်ဆိုရင်တော့ ကိုယ်တွင်းမှာ အီစထရိုဂျင်ဟော်မုန်း အပါအဝင် မျိုးအောင်စေနိုင်တဲ့ ဟော်မုန်းတွေ နည်းသွားတဲ့အတွက် ကျန်းမာရေးပြဿနာ အမျိုးမျိုးကို ခံစားရနိုင်သလို ကလေးရဖို့လည်း ခက်သွားတော့တာပေါ့။


ဝလွန်းပြန်ရင်ကျတော့လည်း ကိုယ်တွင်းမှာ ကျားဟော်မုန်းတွေ များလာပြီး ကလေးရဖို့ ခက်ပြန်ရောပေါ့။ နောက်တစ်ခုက အမျိုးသမီးလေးတွေ အဝလွန်နေပြီဆိုရင် သားအိမ်မှာ ရေအိတ်တည်တာမျိုး ခံစားရနိုင်ပါတယ်။


ကိုယ်အလေးချိန်ကြောင့် ကလေးမရတာက အမျိုးသမီးတွေမှာတင် သက်ရောက်မှု ရှိတာမဟုတ်ဘဲ အမျိုးသားတွေရဲ့ ကိုယ်အလေးချိန်ကလည်း ကလေးရရှိနိုင်ခြေအပေါ် သက်ရောက်နေပါတယ်။ အမျိုးသားတွေမှာလည်း ပိန်လွန်း ဝလွန်းတာက ကိုယ်တွင်း ဟော်မုန်းတွေကို ကမောက်ကမ ဖြစ်စေပြီး ကလေးရဖို့ ခက်စေမှာပါ။


အမျိုးသားတွေရဲ့ ကိုယ်အလေးချိန် အရမ်းများတာ အရမ်းနည်းတာတွေက အမျိုးသားတို့ရဲ့ သုက်ကောင် အရေအတွက် နည်းတာမျိုး ဖြစ်စေနိုင်သလို သုက်ကောင်တွေ လှုပ်ရှားမှု နှေးသွားတာ သုက်ကောင်လေးတွေ ပျက်စီးတာမျိုး ဖြစ်စေနိုင်ပါတယ်။


ဒါကြောင့် ဘေဘီလေး ယူဖို့ ဆန္ဒရှိတဲ့ စုံတွဲတွေအနေနဲ့ ခန္ဓာကိုယ်ကို ကျန်းမာတဲ့ ကိုယ်အလေးချိန် ဖြစ်စေဖို့အတွက် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။


မေမေဖေဖေတို့ရဲ့ ကိုယ်အလေးချိန်က ဘေဘီလေးရရှိမှုအပေါ် သက်ရောက်နေသလား!မေမေဖေဖေတို့ရဲ့ ကိုယ်အလေးချိန်က ဘေဘီလေးရရှိမှုအပေါ် သက်ရောက်နေသလား!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
2
1
2

မှတ်ချက် 2ခု

မဂ်လာပါ ဆရာရှင့် ကိုယ်ဝန်ဆောင်ချိန်မှာ ညဖက်ရေမချိုးရဘူး ခေါင်းမလျော်ရဘူးလို့ ပြောကြလို့ပါရှင့် အလုပ်ပြီးမှရေချိုးရတာဆိုတော့ ညဖက်ပဲချိုးရတာများပါတယ်ရှင့် ကလေးကိုထိခိုက်နိုင်လားရှင့်

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ချိုးလို့၊ လျှော်လို့ ရပါတယ်။ မြန်မြန်ချိုးပြီး သေချာသုတ်ရင် ပြဿနာ မရှိပါ။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်