4လပိုင်း ၂၆ရက်က အတူနေတာပါ အဲတုန်းက ရာသီလာနေတုန်း အလွတ်နေ မိပါတယ် ရာသီမလာတော့ဘူးလို့သိတဲ့ရက်ကနေကွန်ဒုံးသုံးပါတယ် ၆လပိုင်းလဆန်းပိုင်းလာက်မှာ ရာသီလာပါ
... ပိုမိုကြည့်ရှုရန်မေမေဖေဖေတို့ရဲ့ ကိုယ်အလေးချိန်က ဘေဘီလေးရရှိမှုအပေါ် သက်ရောက်နေသလား!
ကိုယ်အလေးချိန် ရှိသင့်တာထက် များနေတာ နည်းနေတာက ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တယ် ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အခုလည်း ဒီလိုပါပဲ။ စုံတွဲတွေမှာ ကလေးမရတာက မေမေ ဒါမှမဟုတ် ဖေဖေက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေခြင်း များနေခြင်းကလည်း ဘေဘီလေး ရရှိနိုင်မှု အပေါ်မှာ သက်ရောက်နေပါတယ်။
မေမေတို့မှာ ဆိုရင်တော့ ကိုယ်အလေးချိန်က မျိုးအောင်စေနိုင်တဲ့ ဟော်မုန်းပမာဏနဲ့ လုပ်ငန်းစဉ်တွေ အပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။ မေမေက အရမ်းပိန်မယ်ဆိုရင်တော့ ကိုယ်တွင်းမှာ အီစထရိုဂျင်ဟော်မုန်း အပါအဝင် မျိုးအောင်စေနိုင်တဲ့ ဟော်မုန်းတွေ နည်းသွားတဲ့အတွက် ကျန်းမာရေးပြဿနာ အမျိုးမျိုးကို ခံစားရနိုင်သလို ကလေးရဖို့လည်း ခက်သွားတော့တာပေါ့။
ဝလွန်းပြန်ရင်ကျတော့လည်း ကိုယ်တွင်းမှာ ကျားဟော်မုန်းတွေ များလာပြီး ကလေးရဖို့ ခက်ပြန်ရောပေါ့။ နောက်တစ်ခုက အမျိုးသမီးလေးတွေ အဝလွန်နေပြီဆိုရင် သားအိမ်မှာ ရေအိတ်တည်တာမျိုး ခံစားရနိုင်ပါတယ်။
ကိုယ်အလေးချိန်ကြောင့် ကလေးမရတာက အမျိုးသမီးတွေမှာတင် သက်ရောက်မှု ရှိတာမဟုတ်ဘဲ အမျိုးသားတွေရဲ့ ကိုယ်အလေးချိန်ကလည်း ကလေးရရှိနိုင်ခြေအပေါ် သက်ရောက်နေပါတယ်။ အမျိုးသားတွေမှာလည်း ပိန်လွန်း ဝလွန်းတာက ကိုယ်တွင်း ဟော်မုန်းတွေကို ကမောက်ကမ ဖြစ်စေပြီး ကလေးရဖို့ ခက်စေမှာပါ။
အမျိုးသားတွေရဲ့ ကိုယ်အလေးချိန် အရမ်းများတာ အရမ်းနည်းတာတွေက အမျိုးသားတို့ရဲ့ သုက်ကောင် အရေအတွက် နည်းတာမျိုး ဖြစ်စေနိုင်သလို သုက်ကောင်တွေ လှုပ်ရှားမှု နှေးသွားတာ သုက်ကောင်လေးတွေ ပျက်စီးတာမျိုး ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ဘေဘီလေး ယူဖို့ ဆန္ဒရှိတဲ့ စုံတွဲတွေအနေနဲ့ ခန္ဓာကိုယ်ကို ကျန်းမာတဲ့ ကိုယ်အလေးချိန် ဖြစ်စေဖို့အတွက် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
မှတ်ချက် 0ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်