🔥 ရေပန်းစားသောအကြောင်းအရာ

တာရှည်ခံ အစားအစာတွေနဲ့ ကလေးကျန်းမာရေး

ကလေးအများစုက အာဟာရရှိတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေထက် အရသာပိုထူးကဲတဲ့ ကြက်အူချောင်း၊ အာလူးကြော်တွေကို ပိုပြီး ကြိုက်ကြတာ သဘာဝပါပဲ။ အကြောင်းကတော့ ဆီ၊ ဆား၊ သကြား ပိုထည့်ထားတော့ သူတို့လေးတွေ ပိုခံတွင်းတွေ့တယ်လေ။


မေမေတို့ဘက်က ကျတော့လည်း အချိန်သိပ်မကုန်ပဲ ချက်ပြုတ်ရတာ လွယ်ကူတယ်။ နောက်ပြီး ထမင်းဘူးထဲ အလွယ်တကူပဲ ကြော်ပြီး ထည့်ပေးလိုက်လို့ ရသလို ကလေးကလည်း မငြီးမငြူ စားတဲ့အခါကျတော့ ကလေးတွေရဲ့ နေ့စဉ်ဘဝမှာ တာရှည်ခံ အစားအစာတွေက ပုံစံ အမျိုးမျိုးနဲ့ကို ပါဝင်နေတာပေါ့။


ကလေးတွေက ဒီလိုတာရှည်ခံအစားအစာတွေကို စွဲလမ်းစိတ် ဖြစ်သွားတဲ့အခါမှာ လူကြီးတွေအနေနဲ့လည်း အာဟာရဖြစ်စေတဲ့ အစားအစာတွေကို ကျွေးရတာ ပိုပြီး အခက်အခဲဖြစ်သွားစေနိုင်ပါတယ်။ ဒီတော့ ဘာဖြစ်လာလဲဆိုရင် မှားယွင်းတဲ့ နေထိုင်စားသောက်မှုပုံစံကြောင့် ကလေးက အာဟာရမပြည့်ဝပဲ ကြီးပြင်းလာရနိုင်သလို ကလေးတွေမှာ တခြားကလေးတွေထက် ရောဂါပိုပြီး ဖြစ်နိုင်တဲ့အပြင် စာမလိုက်နိုင်တာ၊ အရိုးအားနည်းတာ၊ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်မလုပ်နိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။


ဒီလိုအစားအစာတွေဟာ ကလေးတွေကို နောက်ထပ်ပိုစားချင်စိတ် ဖြစ်လာစေအောင် ဆွဲဆောင်နိုင်တဲ့အတွက် ကလေးတွေ မဆာလည်း စားမိပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အဝလွန်ရောဂါ ဖြစ်လာတယ်။ အာဟာရချို့တဲ့လာတယ်။ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေအနေနဲ့ကတော့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာ အစရှိတဲ့ ရောဂါတွေပါ ဝင်လာနိုင်ဖို့ အခွင့်အလမ်း ပိုများလာပါတယ်။


တာရှည်ခံအစားအစာလို့ ဆိုတဲ့နေရာမှာ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ အကင်လုံး အမျိုးမျိုး၊ ဝက်သားလုံး အစရှိသဖြင့် အေးခဲထားတဲ့ အစားအစာတွေ၊ စည်သွပ်ဘူးသိပ် အစားအစာတွေ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဓါတုဗေဒနည်းလမ်းတွေကို အသုံးပြုပြီး အခြောက်ခံ၊ ကြော်လှော်ပြီး ထုတ်ပိုးထားတဲ့ စားစရာတွေ၊ နို့ဘူး၊ ဖျော်ရည်ဘူး စတာတွေပါ။


ဒီလိုဆိုလို့ လုံးဝ မစာရတာလား ဆိုတော့ မဟုတ်ပါဘူး။ ကလေးက ကြိုက်တယ် စားတယ်ဆိုရင် နည်းနည်းလောက်တော့ ကျွေးလို့ ရပါတယ်။ အစားအစာတိုင်းကတော့ “တန်ဆေး လွန်ဘေး” ပါပဲ။ တတ်နိုင်ရင်တော့ ကလေးတွေကို တာရှည်ခံအစားအစာမျိုးတွေ မကျွေးပဲ အာဟာရလည်းဖြစ်စေပြီး ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေကို ကိုယ်တိုင် အိမ်မှာ ချက်ပြုတ်ပြီး ကျွေးတာအကောင်းဆုံးပါပဲ။


တာရှည်ခံ အစားအစာတွေနဲ့ ကလေးကျန်းမာရေး  တာရှည်ခံ အစားအစာတွေနဲ့ ကလေးကျန်းမာရေး  
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
15

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်