🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ချိန် ဓညင်းသီး မစားပါနဲ့

ဓညင်းသီးကို မြန်မာလူမျိုး တော်တော်များများ နှစ်သက်ကြပါတယ်။ တကယ်တော့ ဓညင်းသီးက မစားသင့်တဲ့ အသီးတစ်မျိုးပါ။ ဒီလိုပြောရတာက ဓညင်းသီးမှာ အာဟာရတန်ဖိုးက ဇီးရိုးဖြစ်နေတဲ့အပြင် စားလိုက်တဲ့ အစားအစာတွေမှာ ပါဝင်တဲ့ အာဟာရတွေကို ခန္ဓာကိုယ်က စုပ်ယူရာမှာလည်း အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။


ကိုယ်ဝန်ဆောင်ချိန်ဆိုတာက အာဟာရကို ပုံမှန်ထက် ပိုလိုအပ်ပါတယ်။ ဒီလို အချိန်မှာ အာဟာရ သင့်တင့်မျှတအောင် စားသုံးပြီူ လိုအပ်တဲ့ အာဟာရ ပြည့်ဝမှ မိခင်ရော ကလေးပါ ကျန်းမာမှာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ ဖြစ်တာတွေကိုပဲ စားပါ။ ဓညင်းသီးကို မစားပါနဲ့။


ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဓညင်းသီး စားတာက ရေမြွှာရည်ကို အနံ့ဆိုးစေနိုင်သလို သွေးထဲမှာ အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ခုက ကျောက်ကပ်ကို ထိခိုက်စေနိုင်တာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်း အဆိပ်အတောက်များတာက မေမေ့ ကျန်းမာရေးကိုရော ဘေဘီလေးရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။


သွေးထဲကို ရောက်သွားတဲ့ ဓညင်းသီးရဲ့ အဆိပ်တွေက အချင်းကနေတဆင့် ကလေးဆီကိုလည်း ရောက်ရှိသွားနိုင်တာကြောင့် ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကိုလည်း ခံစားရစေနိုင်ပါတယ်။


မိခင်ရော ကလေးပါ ကျန်းမာစေဖို့ အကောင်းဆုံး ကြိုးပမ်းနေရတဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ချင်ခြင်းတပ်ရင်တောင် ဓညင်းသီးကို မစားပါနဲ့။

ကိုယ်ဝန်ဆောင်ချိန် ဓညင်းသီး မစားပါနဲ့ကိုယ်ဝန်ဆောင်ချိန် ဓညင်းသီး မစားပါနဲ့
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
541

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်