🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ချိန် သွေးလှူလို့ရလား!

သွေးလှူတာက မွန်မြတ်တဲ့ လုပ်ရပ်တစ်ခုပါ။ သွေးလှူတာက သူတစ်ပါးရဲ့ အသက်ကို ကယ်တင်ရာလည်း ရောက်ပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ သွေးလှူဖို့ သင့်တော်ပါ့မလား။ အထူးသဖြင့် ကိုယ်တိုင်ကျန်းမာရေးကိုရော ဗိုက်ထဲက ဘေဘီလေးရဲ့ ကျန်းမာရေးကိုပါ စောင့်ရှောက်နေရတဲ့ မေမေတို့ဆိုရင်ရော သွေးလှူလို့ ရပါ့မလား ဆိုတာမျိုးပေါ့။


ဖြစ်နိုင်ရင်တော့ မလှူတာ အကောင်းဆုံးပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာ မိခင်က ကျန်းမာပြီးအင်အားပြည့်ဝနေမှ မိခင်ရဲ့ ကိုယ်ခံအားနဲ့ အာဟာရဖြည့်တင်းမှုအပေါ်မှာ မှီခိုနေရတဲ့

ဘေဘီလေးက ကျန်းမာမှာပါ။


ကိုယ်ဝန်ဆောင် မေမေတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက် ကိုယ်ဝန်ဆောင်နေချိန်မှာ သွေးအားနည်းရောဂါကို ခံစားရတတ်ကြပါတယ်။ သံဓာတ်အားနည်းမှုကြောင့် ဖြစ်တဲ့ သွေးနီဥဆဲလ် အရေအတွက် နည်းပြီး သွေးအားနည်းရောဂါကို ခံစားရတာပါ။ ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတိုင်းလိုလို ခံစားရပါတယ်။


ကိုယ်ဝန်ဆောင်ချိန်မှာ သွေးလှူတာက သွေးအားနည်းရောဂါ ဖြစ်စေနိုင်သလို မီးဖွားချိန်မှာသွေးဆင်းများတဲ့အခါ သွေးသွင်းရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုသွေးသွင်းတာက မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာမျိုးတွေကို ဖြစ်စေနိုင်တာမို့ အကောင်းဆုံးကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ သွေးမလှူပါနဲ့လို့ အကြံပြုပါရစေ။


ကလေးမွေးဖွားပြီးချိန်မှာ ပုံမှန် ပြည့်ပြည့်ဝဝ အနားယူဖြစ်မယ်။ အာဟာရ ပြည့်ပြည့်ဝဝ

စားသုံးဖြစ်မယ်ဆိုရင်တော့ ကလေးမွေးဖွားပြီး ၆ လအကြာမှာ သွေးလှူလို့ရမှာပါ။

ကိုယ်ဝန်ဆောင်ချိန် သွေးလှူလို့ရလား!ကိုယ်ဝန်ဆောင်ချိန် သွေးလှူလို့ရလား!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
13
1

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်