🔥 ရေပန်းစားသောအကြောင်းအရာ

မေမေတို့ ကိုယ်ဝန်ဆောင်အပတ် ၃၁ပတ်အတွက် သိကောင်းစရာများ

31 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ


31ပတ် အရွယ် ကလေးလေးက အခွံချွတ်ထားတဲ့ အုန်းသီးလုံးအရွယ် ၁.၅ ကီလို၊ ၄၁.၈ စင်တီမီတာ ရှိနေပါပြီ။ အခုဆို ကလေးလေးက ရေမြွာရည်ထဲကို တစ်နေ့မှာ ရှူးရှုူး ၂၅၀ မီလီလီတာလောက် ပေါက်ထည့်ပါတယ်။ သူက ရေမြွာရည်ကို ပြန်ပြီးလည်း သောက်ပါတယ်။ ရေမြွာရည်က တစ်နေ့ကို အကြိမ်တော်တော်များများ ပြန်လဲပါတယ်။ ရေမြွာရည်တွေများနေရင် ကလေးလေးက မျိုချတဲ့နေရာမှာ ပြဿနာဖြစ်နေလို့ ဒါမှမဟုတ် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ တစ်ခုခု ဖြစ်နေလို့ပါ။ ရေမြွာရည်တွေ နည်းနေတာက ကလေးလေး ဆီးကောင်းကောင်းမသွားတာ၊ ကျောက်ကပ်တွေနဲ့ ဆီးလမ်းကြောင်းမှာ တစ်ခုခုဖြစ်နေလို့ပါ။

အာထရာဆောင်းရိုက်ရင်း ရေမြွာရည်ပမာဏကို စစ်ဆေးလို့ရပါတယ်။

ခန္ဓာကိုယ်မှာရော

ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်


ဒုတိယ ၃ လပတ်တုန်းက

သားအိမ်ကျုံ့သလိုမျိုး သားအိမ်တင်းလာသလို ဖြစ်တတ်ပါတယ်။ သူက ပုံမှန်ကျုံ့တာတော့

မဟုတ်ဘူး။ တစ်ကြိမ်ကို စက္ကန့် ၃၀ လောက်ကြာပါတယ်။ ဒီလိုဖြစ်တာက ခဏခဏလည်း

မဖြစ်ရဘူး။ နာလည်း မနာရပါဘူး။ မနာပေမယ့် ဆက်တိုက်ကျုံ့ရင် စောမွေးချင်တာ

ဖြစ်နိုင်ပါတယ်။

တစ်နာရီကို လေးကြိမ်ထက်

ပိုကျုံ့ရင်၊ တခြားစောမွေးမယ့် လက္ခဏာတွေပေါ်ရင်

ဆရာဝန် ချက်ချင်းခေါ်ပါ။ ဥပမာ- အရည်ကျဲအချွဲ၊ သွေးရောင် ဖျော့ဖျော့တွေဆင်းတာ၊

ဗိုက်နာတာ၊ ရာသီလာရင် အောင့်သလိုအောင့်တာ၊ ဆီးစပ်ကိုက်တာ၊ ခါးနာတာ အထူးသဖြင့်

အရင်ကတစ်ခါမှ မဖြစ်ဖူးဘူးဆိုရင်ပေါ့။

ရင်သားက နို့ရည်အိတ်တွေဟာဆို

ပထမဆုံးနို့ဦးရည်အတွက် ပြင်ဆင်နေပါပြီ။ နို့ဦးရည်က မေမေတွေ နို့တိုက်ဖို့

နို့မထွက်ခင် ပထမရက်အနည်းငယ်မှာ ကလေးအတွက် ကယ်လိုရီနဲ့ အာဟာရတွေ ထောက်ပံ့ပေးပါတယ်။

တချို့မေမေတွေမှာ အရည်ကျဲတတ်ပါတယ်။ တစ်ချို့ကျတော့ ပျစ်ပြီး ဝါပါတယ်။ တကယ်လို့

နို့ဦးရည်တွေ ဆိမ့်ထွက်နေမယ်ဆိုရင် ပြန်လျှော်လို့ရတဲ့

ရင်ခံခွက်တွေသုံးပေးလို့ရပါတယ်။

31 ပတ်

မြောက်မှာ သိသင့်သိထိုက်တာလေးတွေ


ကိုယ်ဝန်ဆောင်တဲ့အခါမှာ

ခန္ဓာကိုယ်က သွေးတွေ ပိုလိုတော့ နှလုံးက သွေးတွေကို မြန်မြန်ညှစ်ထုတ် ရပါတယ်။

ကလေးလေးဖွံ့ဖြိုးဖို့ သွေးထုထည်တွေများ၊ သွေးလည်ပတ်မှု

အပြောင်းအလဲဖြစ်တာတွေကြောင့် ခန္ဓာကိုယ်မှာ လက္ခဏာတချို့ ခံစားရပါတယ်။ ဥပမာ

သွေးပြန်ကြောတွေက သွေးပမာဏပိုသယ်ရတော့ ခြေထောက်တွေ ခြေချင်းဝတ်တွေဆို ရောင်တာ၊

သွေးကြောတွေ ဖောင်းတာ ဖြစ်တတ်ပါတယ်။


မေမေတို့ ကိုယ်ဝန်ဆောင်အပတ် ၃၁ပတ်အတွက် သိကောင်းစရာများ မေမေတို့ ကိုယ်ဝန်ဆောင်အပတ် ၃၁ပတ်အတွက် သိကောင်းစရာများ 
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
81

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်