ရိုးရိုးပဲ ကလေးမွေးမယ် လို့ ဆုံးဖြတ်ထားတဲ့ မေမေတို့ သိသင့်တဲ့ အချက်များ
ကလေးမွေးမယ် ဆိုတာ မိခင်တိုင်းရဲ့ အသက် တစ်ဝက်လောက်ကို ပေးထားပြီး စွန့်စားရတဲ့ ကိစ္စကြီးတစ်ခုပါ။ ခေတ်အရ ခွဲမွေးတဲ့ ကိစ္စဟာ ခေတ်စားလာပေမယ့် သဘာဝဖြစ်တဲ့ ရိုးရိုးမွေးခြင်းကို ခုထိ ပြိုင်နိုင်တဲ့အရာ မပေါ်သေးပါဘူး။ ဒီတော့ ကိုယ်ကရိုးရိုးမွေးမယ်လို့ ဆုံးဖြတ်ထားရင် ဒီအချက်တွေကို သိထားဖို့တော့ လိုပါတယ်။

















