သန္ဓေတားချင်လို့ပါ.ဆရာ
အဖော်မပါပဲ အတူတူ လိင်ဆက်ဆံပြီး ၁နာရီ အကြာမှာ ၂ လုံး ပါတဲ့ သန္ဓေတားဆေး ကို အမျိုးသမီး ကို သောက်ခိုင်းပါတယ် ။ အဖော်မပါပဲ လိင်ဆက်ဆံပေမယ့် အပြင်မှာ ပဲ ပြီးလိုက်ပါတယ် ။ လိင်ဆက်ဆံနေစဥ် ထွက်တတ်တဲ့ အရည်ကြည်လေးတွေ ကြောင့် ကလေး ရတတ်တယ် ဖတ်ဖူးလို့ စိတ်ချရအောင် ၂ လုံးပါတဲ့ သန္ဓေတားဆေး အမျိုးသမီး ကို တိုက်လိုက်ပါတယ်။ ပြည်ပမှာ အတူတူ အလုပ်လုပ်ကိုင်နေရတာ မလို့ ကလေးလည်း မလိုချင်သေးပါဘူး ။ ဒါ့ကြောင့် အတူတူ လိင်ဆက်ဆံတိုင်း ကလေး မရဖို့ နဲ့ သန္ဓေတား ဖို့ အတွက် လိင်ဆက်ဆံမှု တစ်ခါပြုလုပ်တိုင်း အရေးပေါ် တားဆေး တိုက်ရမှာလား ဒါမှ မဟုတ် အခြား သန္ဓေတား နည်း ပြောပြပေးပါအုံး ဆရာ ။ တစ်လလုံး သောက်ရတဲ့ သန္ဓေတားဆေး ကရော တစ်လအတွင်း ဘယ်လောက် ပဲ အတူတူလိင်ဆက်ဆံမှု ပြုပြု ကလေး မရနိုင်ဘူးလား ဆရာ ။ အလုပ်တဖက်နဲ့ ကလေး မလိုချင်သေးတာကြောင့် ဘယ်နည်းလမ်းကို အသုံးပြုရမလဲ အကြံပေးပါအုံးဆရာ။
ပုံမှန်လိင်ဆက်ဆံမှုရှိတယ်။ ကလေးမလိုချင်သေးဘူးဆိုရင် ကြာရှည်တားနိုင်တဲ့ နည်းတစ်ခုခုကိုသုံးပါ။
ဥပမာ တားဆေးကတ်၊ ထိုးဆေး၊ သားအိမ်ထဲထည့်တဲ့ပစ္စည်း၊ လက်မောင်းအောက်ထည့်တဲ့ပစ္စည်း စသဖြင့်။
ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ၊ ကိုယ့်ကြိုက်တဲ့ပုံစံ (ဥပမာ ထိုးဆေးဆို ရာသီမမှန်တာ ဖြစ်တတ်လို့ တချို့က မကြိုက်၊ တားဆေးကတ်ဆို ဆေးသောက်ဖို့ မေ့တတ်တဲ့သူတွေနဲ့ မသင့်တော်) ဒီလိုရှိတာကြောင့် နီးစပ်ရာ ဆေးခန်းမှာဖြစ်ဖြစ်၊ အွန်လိုင်းဆေးခန်းတွေကနေပဲဖြစ်ဖြစ် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ရွေးချယ်ပါ။
နောက်မေးခွန်းကို ဖြေရရင် တစ်လလုံးသောက်ရတဲ့ တားဆေးက တစ်လလုံး ကြိုက်သလောက် ဆက်ဆံလို့ ရပါတယ်။ အချိန်မှန်သောက်ဖို့၊ ရက်မပြတ်ဖို့ လိုပါတယ်။