🔥 ရေပန်းစားသောအကြောင်းအရာ

အိပ်မက် နိမိတ် အဟောနဲ့ ကိုယ်ဝန်

ကိုယ်ဝန်ဆောင်ချိန်ဆို ထူးဆန်းတဲ့ အိပ်မက်တွေ မက်ကြတယ်ဟုတ်။ တချို့ဆို ကိုယ်ဝန်ရှိမှန်းတောင် မစစ်ရသေးဘူး။ နိမိတ်ပြ အိပ်မက်တွေ မက်နေကြပြီ။ ၁-၂ပတ်နေလောက်ကျ မသင်္ကာလို့ စစ်လိုက်တော့ ကိုယ်ဝန်ရှိနေရော။


အာရှနိုင်ငံတွေမှာ အိပ်မက်နဲ့ ပတ်သက်ရင် တော်တော်အစွဲအလမ်းကြီးကြပါတယ်။ အိပ်မက်ဆိုးမက်တာ၊ မိန်းကလေးမွေးမဲ့ အိပ်မက်၊ သားလေး မွေးမဲ့ အိပ်မက် စသဖြင့် လက်ဆင့်ကမ်းလာတဲ့ ရိုးရာအယူအစွဲလေးတွေ ရှိပါတယ်။


ကိုယ်ဝန်ဆောင်ချိန်မှာ ထူးဆန်းတဲ့ အိပ်မက်တွေ ဘာကြောင့် မက်ရသလဲဆိုတာကို ဆရာမက ဒီဘက် ဆေးပညာဘက်ခြမ်းကနေ ရှင်းပြပေးပါ့မယ်။

တကယ်တော့ ဘာကြောင့် ဒီလိုတွေမက်လဲဆိုတာကို တိတိကျကျ ပြောဖို့ခက်ပါတယ်။ ဖြစ်နိုင်တဲ့ အချက်တွေကတော့

-ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုဂျက်စတုန်း ဟော်မုန်းတွေ များလာတာ

-ကိုယ်ဝန်ဆောင်တွေ အိပ်ချိန်မမှန်တာ (တချို့ရက်တွေမှာ တအားအိပ်ချင်ပြီး တချို့ရက်တွေမှာ အိပ်မပျော်တာကို ကြုံဖူးမှာပါ)

-ဦးနှောက်ရဲ့ မှတ်ဉာဏ်တွေ သိမ်းဆည်းပုံပြောင်းလဲသွားတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ထူးဆန်းတဲ့ အိပ်မက်တွေက များသောအားဖြင့် အန္တရာယ်မရှိပါဘူး။


ဒါပေမဲ့ အိပ်မက်တွေကြောင့်

-အိပ်ဖို့တောင် ကြောက်လာရင်

-စိတ်ဓာတ်ကျလာသလိုလို ဝမ်းနည်းလာသလိုလို ခံစားရရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

3
18k
မှတ်ချက် 47 ခု

မှတ်ချက် 47ခု

ဆရာ ဆီးသွားရင်ပူပြီးစပ်တာမျိုးဖြစ်ပါတယ်ဗျ ရေများများသောက်လိုက်ရင်တော့ ပုံမှန်ပြန်သွားပါတယ်စပ်ခြင်းပူခြင်းမရှိဘဲ ရေသောက်နည်းသွားတဲ့အခါမျိုးတော့ပြန်ဖြစ်ပါတယ်ဆရာ ဆီးအရောင်ကတော့အဖြူပါဘဲဆရာ မဖြစ်ခင်တရက်ကတော့ နေ့လည်ခင်းရေချိုးမိပါတယ်ဗျ ကိုယ်တွင်းအပူချိန်များလို့ဖြစ်နိုင်လားသိချင်ပါတယ်ဆရာ ဘလိုကုသရမလဲဆရာ

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆရာ ဆီးသွားရင်ပူပြီးစပ်တာမျိုးဖြစ်ပါတယ်ဗျ ရေများများသောက်လိုက်ရင်တော့ ပုံမှန်ပြန်သွားပါတယ်စပ်ခြင်းပူခြင်းမရှိဘဲ ရေသောက်နည်းသွားတဲ့အခါမျိုးတော့ပြန်ဖြစ်ပါတယ်ဆရာ ဆီးအရောင်ကတော့အဖြူပါဘဲဆရာ မဖြစ်ခင်တရက်ကတော့ နေ့လည်ခင်းရေချိုးမိပါတယ်ဗျ ကိုယ်တွင်းအပူချိန်များလို့ဖြစ်နိုင်လားသိချင်ပါတယ်ဆရာ ဘလိုကုသရမလဲဆရာ

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ရေများများသောက်ပါ။ ဒီရာသီက ရေဓာတ်ခန်းခြောက်တော့ ရေသောက်နည်းရင် ဆီးပျစ်ပြီး ဆီးကျင်တတ်ပါတယ်။ ရေချိုးတာနဲ့ မဆိုင်ပါ။

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

3လပိုင်း12ရက်ကရာသီလာပါတယ်4လပိုင်း12ကိုရာသီမလာဘဲ14ရက် ေန့မှာရင်သားနာကျင်တာမျိူးေတွြဖစ်ပီးအမျိူးသားနဲ့15/16 2ရက်အတူနေပါတယ်အဲဒါခုထိအဖြူနည်းနည်းသာဆင်းြပီးရာသီသွေးမပေါ်လို့ကိုယ်၀န်ရနိုင်လားရှင့်

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

တူတူနေပြီး ဘယ်လောက်နေမှ ဆီးစစ်လို့ အဖြေမှန်ထွက်မလဲဆရာ

လွန်ခဲ့သော 1 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ရာသီလာခါနီးရင်လည်း ဖြစ်တတ်ပါတယ်။ တစ်ပတ်လောက် နောက်ကျနေတာဆိုရင်တော့ ဆီးစစ်ကြည့်ပါ။


လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဒေါက်တာရှင့် ညီမ ပြီးခဲ့တဲ့လ ၁၁ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ရာသီလာထားပါတယ် တားဆေးလဲ ပုံမှန်သောက်နေပါတယ် အမျိုးသားနဲ့လဲ ရာသီလာပြီးနောက်ပိုင်း အတူနေတာ ရှိပါတယ်ရှင့် ရာသီစက်ဝန်းနဲ့ဆို ဒီနေ့က 4 days late ဖြစ်နေပြီး ဒီညနေ ရာသီသွေး အညိုရောင် အနည်းငယ်စဆင်းနေပါတယ် ။

ကိုယ်ဝန်ရနိုင်ခြေ ရှိနိုင်ပါသလားရှင်

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

နီးစပ်ရာသားဖွားမီးယပ်ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

သမီးကိုယ်ကိုယ်ကူညီပးပါဦး

အသက်က၁၈ပါ


ခုလအတွင်းရာသီလာမှုကတစ်လလုံးနီးပါးဖြစ်


နေပါတယ်။ယနေ့ညနေခင်းတွင်ရာသီသေးနဲ့အတူသွေးအရည်များအများကြီးပါဆင်းနေပါတယ်ဆိုးကျိူးဖြစ်နိုင်မလားမသိဘူးကူညီပေးကြပါဦးသမီးကိုယ်😭ဗိုက်ကအလွန်းအမင်းအောင့်ပါတယ်

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ရာသီလာခါနီးမို့လို့ အညိုဆင်းတာပါ။ နောက်ရက်တွေ ရာသီပုံမှန်လာသလား စောင့်ကြည့်ပါ။

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆီးစစ်တာမျိုးမဟုတ်ပဲ တခြားဘယ်လိုနည်းမျိုးနဲ့ကိုယ်ဝန်ရှိမရှိသိနိုင်ပါသလဲ

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ရာသီက တစ်လတလေတော့ အကြောင်းအရင်း မရှိမလာတာဖြစ်တတ်ပါတယ်။ နှစ်လလောက် မလာရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသပါ။

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@Dr Htet Htet Zaw Win

မရှိပါဘူးရှင့

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အကာအကွယ်မဲ့ အတူနေထားတာ ရှိသလား။

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ရာသီကမလာသးလို့ပါ တစ်လ ေေကျာ်ပါပီ

မနက်ကအိပ်ယာနိုးနိုးချင်း ဗိုက်ကိုစမ်းမိတော့ ခဲခဲကြီးဖစ်နေပါတယ် အက်တာဘာဖစ်လို့ပါလဲ

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
ပြန်လည်ဖြေကြားချက် 3ခုကို ဆက်ကြည့်မယ်။

အကြိမ်ပေါင်းများစွာအတူနေပြီးမှအရေးပေါ်တားဆေးတစ်လုံးဘဲသောက်လို့ရပါသလားရှင့် သတ်မှတ်ထားတဲ့ရက်မလွန်ခင်သောက်ရင် ဘယ်နှစ်ကြိမ်ဆက်ဆံဆက်ဆံရပါသလား

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

၃ရက်စာပေါင်းသောက်တာထက်စာရင် ၂၄နာရီအတွင်း သောက်နိုင်ရင်ကောင်းပါတယ်။ အတူနေပြီးတာနဲ့ စောစောသောက်နိုင်လေ အာနိသင်ကောင်းလေလေမို့လို့ပါ။

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

မင်္ဂလာပါဆရာ တစ်ခု လောက် မေးချင်ပါတယ် ဆီးစပ်က ရက်တော် တော်ကြာကြာကိုက်ခဲနေပါတယ်ခါး တွေလည်းကိုက်ပါတယ် ပုံမှန်မဟုတ်ပဲအဖြူအရမ်းဆင်းပါတယ် ရာသီချိန်ဆိုလည်းကိုက်ခဲပီးတစ်လနဲ့တစ်လရက်မမှန်သလိုတစ်လမပြည့်ပဲလာတာ တွေလည်းရှိပါတယ်ဆရာ အဲ့ဒါဘာကြောင့်ဖြစ်တာလဲ ဘယ်လိုကုသရင် ပျောက်နိုင်မလဲဆရာ

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Sandar Soe

ဆီးစပ်က ရာသီလာခါနီးလို့ ကိုက်တာလား။ တောက်လျှောက်ကိုက်နေတာလား။ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းယ်ဆိုတာက ဘာတွေဆင်းလို့လဲ။ ရာသီစက်ဝန်းက ဘယ်နှရက်တစ်ခါ လာလေ့ရှိလဲ။ အသက်ဘယ်လောက်လဲ။ ဘယ်အရွယ်က ရာသီစလာတာလဲ။

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

23ရက်နေရာသီလာပြီ နောက်လကုန်ပြီ၄ရက်နေ့လောက်မှာ အတူတူနေမိရင် ကိုယ်၀န်ရနိုင်လား ဆရာ ရှင့်

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ရာသီစက်ဝန်းပေါ် မူတည်ပါတယ်။ ဘယ်နှရက်တစ်ခါ ရာသီလာတာလဲ။ ရာသီမှန်ရဲ့လား။ အတူနေတုန်းကရော အကာအကွယ်သုံးသလား။

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ရာသီလာပြီးနောက်ရက်မှာအတူနေပါတယ်၊နေပြီးတားဆေးသောက်ပါတယ်ဆရာ၊၃ရက်လောက်ရှိတော့ ရာသီပြန်လာပါတယ်ဆရာ၊ခု လာရက်မှာမလာပဲ အဖြူဆင်းနေတယ်ဆရာ၊အ့တာ ကိုယ်ဝန်ရှိတာလားဆရာ၊

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ကို စိတ်ပူရင် ရာသီရက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ကောင်လေးနဲ၁ရက်နေ့တုန်းကအတူနေခဲ့ပါတယ်အစကမိန်းမကိုယ်ကိုကောင်လေးကအာသာဖြေပေးပြီး သူ့အင်္ဂါကိုသူကိုင်လိုက်ပြီး ထပ်မံပြီးမိန်းမကိုယ်ကိုအာသာဖြေပေးခဲ့ပါတယ် နောက်တော့ condom သုံးပြီး sex လုပ်ခဲ့ကြပါတယ် နောက်ရက်တောင်မကူးပဲအိမ်ရောက်တာ​​နဲ့ အရေးပေါ်တားဆေး ladyia ကိုသောက်ခဲ့ပါတယ် ၁၇ရက်နေ့မှာရာသီသွေးဆင်းပြီး၁၉မှာပြီးသွားခဲ့ပါတယ် ပုံမှန်လာရက်ထက်၂ရက်စောတဲ့အပြင်လာနေကြရက်က၆ရက်လောက်ကိုဒီ​လမှာ၃ရက်ပဲဆင်းသွားခဲ့ပါတယ် ၂၀ ၂၁ တွေမှာအဖြူဆင်းနေလို့ကိုယ်ဝန်ရှိနေနိုင်မလားသိချင်ပါတယ်ရှင့်

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။


ကိုယ်ဝန်ကို စိတ်ပူတယ်ဆို အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
မှတ်ချက် 8ခုကို ဆက်ကြည့်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်