အတူတူ လိင်ဆက်ဆံပြီး အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်တာ
ကောင်လေးနဲ့ အတူတူ April လ 8 ရက် က အမျိုးသား နဲ့ တစ်ညလုံး အတူတူ ရှိနေခဲ့ပါတယ်။ တစ်ညလုံး ၃ ကြိမ် လောက် လိင်ဆက်ဆံမိပါ တယ် အကာအကွယ်ကိုလည်း လိင်ဆက်ဆံတိုင်း အသုံးပြုပါတယ်။ နောက်နေ့တွေ မှာ အိပ်လို့ အရမ်းကောင်းပါတယ်။ April 9 ကနေ April 10 အထိ နေ့ရော ညရော အိပ်လို့ ကောင်းပါတယ် ဒါပေမယ့် အခုည ကြတော့ မောလာပါတယ် လက်တွေလည်း ဖြူဖတ်ဖြူရော် ဖြစ်လာပါတယ် ။ တနေကုန် စက်ရုံ ပိတ်တော့ ထမင်း မစားပဲ တနေကုန် အိပ်မိပါတယ်။ ဖြူဖတ်ဖြူရော်ဖြစ်လာတာ မောပန်းသလို ခံစားရတာ ကိုယ်ဝန် ရှိချင်လို့လား ဖြေပေးပါအုံး ဆရာ
တခြားအကြောင်းရင်းကြောင့် ဖြစ်ဖို့ များပါတယ်။ ကိုယ်ဝန်က ဒီနေ့ အတူနေ နောက်နေ့ လက္ခဏာပြတာမျိုး မဟုတ်ပါဘူး။