🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ကာ‌လ (၂၈) ပတ်အတွက် သိကောင်းစရာများ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

28ပတ် အရွယ် သားသားမီးမီးလေးတွေက အခုဆို ဆလပ်ရွက်အကြီးစားလောက်ရှိပြီး ၁ ကီလိုနီးပါးနဲ့ ၃၇.၅၉ စင်တီမီတာလောက်ရှိပါပြီ။ နောက်တစ်ခေါက် ဆရာဝန်နဲ့ပြမယ့်

ရက်ချိန်းကျရင် ဆရာဝန်က ကလေးလေး သားအိမ်ထဲမှာ ဘယ်လိုအနေအထားလဲဆိုတာ ပြောပြမှာပါ။ ကလေးလေးက များသောအားဖြင့် ခေါင်းအောက်စိုက်နေပြီး ခေါင်းနဲ့မွေးလေ့ရှိပါတယ်။

ကလေးလေးခေါင်းအပေါ်ပိုင်း ရောက်နေပြီး ဆုံပိုင်းဖြစ်နေလို့ စိတ်မပူပါနဲ့။ မွေးဖို့နှစ်လတောင် ကျန်သေးတာပဲ။ ကလေးတွေက သူတို့ဘာသာသူတို့ အနေအထားပြောင်းမှာပါ။

မပြောင်းရင်လည်း အပြင်ကနေ ဗိုက်လှည့်မလား၊ ဆုံနဲ့ပဲ မွေးမလားဆိုပြီး ဆရာဝန်နဲ့

တိုင်ပင်လို့ ရပါတယ်။ ဦးနှောက်က မြောင်းတွေ၊ အခေါက်တွေက ဆက်ဖွံ့ဖြိုးနေတုန်းပါပဲ။ အဆီလွှာတွေလည်း ထပ်တိုးလာသလို ဆံပင်တွေလည်း ဆက်ပေါက်နေမှာပါ။


ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

အရင်တုန်းက သွေးစစ်ထားတဲ့အဖြေတွေကို ဆရာဝန်က ပို့ပေးလောက်ရောပေါ့။ သွေးစစ်တာက လူတော်တော်များများရဲ့ သွေးနီဥတွေမှာတွေ့ရတဲ့ Rh factor ပါမပါစစ်တာပါ။ တကယ်လို့ အမေက Rh (-)၊ ကလေးက Rh (+) ဖြစ်နေရင် ကလေးမှာ သွေးနီဥတွေ ပျက်စီးပြီး အသည်းရောင်တာ၊ သွေးအားနည်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွေးနီဥတွေ မပျက်စီးအောင် ကာကွယ်ဆေးထိုးရပါမယ်။ ဒါကို Rh အင်မြူနိုဂလိုဗျူလင် လို့ခေါ်ပြီး ၂၈ ပတ်မှာတစ်ကြိမ်၊ လိုအပ်ရင် မွေးပြီးရင်တစ်ကြိမ် ထိုးရပါတယ်။


28 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်တစ်ခုပဲ ကြီးလာတာ မဟုတ်ပါဘူး။ ညနေပိုင်းတွေဆိုခြေချင်းဝတ်တွေ၊ ခြေထောက်တွေ ရောင်လာတတ်ပါတယ်။ ဒီလိုရောင်တာက အန္တရာယ်မှမရှိပေမယ့် ဖိနပ်တွေ၊ နာရီတွေ ဝတ်ရခက်စေပါတယ်။ လက်စွပ်တွေလည်း ကျပ်လာမှာပါ။ နည်းနည်းပါးပါးယောင်တာက ဘာမှမဖြစ်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့အရည်လေးတွေ များလာလို့ပါ။ ၇၅%သော ကိုယ်ဝန်ဆောင်တွေက ၂၈ ပတ်မြောက်လောက်မှာ ဒီလိုရောင်တတ်ပါတယ်။ ရာသီဥတုက အိုက်စပ်စပ်ဖြစ်နေတဲ့အခါ

အထိုင်များတာ၊ ရပ်တာများတဲ့အခါမျိုးတွေမှာ ပိုဆိုးပါတယ်။ နာရီအနည်းငယ်လောက်လှဲလိုက်ရင် သက်သာသွားမှာပါ။


ရောင်တာသက်သာအောင် အောက်ကနည်းလေးတွေအတိုင်း လိုက်လုပ်ကြည့်ကြနော်။


  • ခြေထောက်နဲ့ တင်ပါးကို အနားပေးပါ။
  • ထိုင်ရင်ခြေထောက်ကို အပေါ်တင်ထားပါ။
  • တစ်စောင်းလှဲပြီးတော့ အနားမှန်မှန်ယူပါ။
  • သက်သောင့်သက်သာရှိတဲ့ အဝတ်တွေကို ဝတ်ပါ။
  • လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
  • ရေများများသောက်ပါ။ ဒါမှ ဆီးနဲ့အတူ ပိုနေတဲ့
  • အရည်တွေပါ ပါသွားမှာပါ။
  • ရောင်တာသက်သာအောင် အသားကပ်ခြေအိတ်တွေ ဝတ်ပါ။
ကိုယ်ဝန်ဆောင်ကာ‌လ (၂၈) ပတ်အတွက် သိကောင်းစရာများ ကိုယ်ဝန်ဆောင်ကာ‌လ (၂၈) ပတ်အတွက် သိကောင်းစရာများ 
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
199

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်