2လပိုင်း 15ရက် နေ့မှာ အတူတူ နေဖြစ်ပါတယ်။ ဒါမဲ့ သူ့အထဲကို လက်နဲ့ပဲလုပ် ပေးဖြစ်တာပါ။ကျွန်တော့်ဟာရဲ့ ရှေ့ပြေးအရည်ကြည်ကိုင်ထားမိတဲ့လက်နဲ့ လုပ်မိလိုက်တာ
... ပိုမိုကြည့်ရှုရန်ကိုယ်ဝန်ဆောင်ကာလ (၂၅)အပတ်အတွက် ဘာတွေသိထားရမလဲ ?
25 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ?
25 ပတ် မြောက်မှာတော့ ခရမ်းသီးအရွယ် ၆၈၀ ဂရမ် ၃၄.၅၄ စင်တီမီတာလောက်ရှိပါပြီ။ ကလေးလေးက ခဏပဲနိုးပြီး အမြဲတမ်းအိပ်နေတာ သတိထားမိမှာပါ။ ဒီအတိုင်းလေး ငြိမ်နေမယ်ဆို ကလေးလေး ဘာလုပ်နေလဲဆိုတာ ပိုသိပါတယ်။ အကြားအင်္ဂါက ဆက်ပြီးဖွံ့ဖြိုးနေမှာဖြစ်ပြီး မေမေတို့ ပြောတာကို ကြားနေပါပြီ။
ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ
အစာမကြေတာတွေကြောင့် ကိုယ်ဝန်ရှိချိန်မှာ မသက်မသာဖြစ်တတ်ပါတယ်။ ပရိုဂျက်စတုန်းဟော်မုန်းက အစာရေမျိုပြွန်နဲ့ အစာအိမ်နဲ့ကြားက အဆို့ရှင်ကို လျော့ရဲစေတာကြောင့် အဆို့ရှင်မလုံတော့ပါဘူး။ ဒီတော့ အစာအိမ်အက်စစ်တွေက အစာရေမျိုအထိ ပြန်တက်သွားပါတယ်။ ရလဒ်အနေနဲ့ ရင်ပူတာ၊ မအီမသာဖြစ်တာတွေ ခံစားရပါတယ်။
ဆက်ပြီးကြီးလာနေဆဲဖြစ်တဲ့ သားအိမ်ကလည်း အစာအိမ်ကို ပိုပြီးသွားဖိသလို ဖြစ်တတ်ပါတယ်။ ဒီတော့ အစာကို နည်းနည်းစီနဲ့ မကြာမကြာစားပေးတာ၊ အဆီတွေ၊ အစပ်တွေ ရှောင်ဖို့ အကြံပြုပါရစေ။
သိသင့်သိထိုက်တာလေးတွေ
ကိုယ်ဝန်ဆောင်ကာလက အတက်အကျ အရမ်းများတယ် ဟုတ်။ခံစားချက်တွေတင်မကပါဘူး။ ခန္ဓာကိုယ်နဲ့ အားအင်တွေရောပါပဲ။ ပထမ ၃ လပတ်မှာပင်ပန်းတာ၊ မောတာတွေ ဖြစ်ပြီးတဲ့နောက် ဒုတိယ ၃ လပတ်ကျတော့ အားတွေလည်းရှိလာသလို ပိုပြီးနေသာထိုင်သာရှိလာပါတယ်။
ဒီအချိန်က လေ့ကျင့်ခန်းတွေလုပ်ပြီး လှုပ်လှုပ်ရှားရှားနေဖို့ အချိန်ကောင်းပါပဲ။ နောက်ဆုံး ၃ လပတ်ကျရင် ကိုယ်ဝန်ဆောင်တော်တော်များက ကိုယ်လက်တွေလေးလို့ လှဲပြီး နားနားနေနေပဲနေချင်ကြတယ်။ နုံးချိတယ်ဆိုတာ ခန္ဓာကိုယ်က ပင်ပန်းနေပြီလို့ လက္ခဏာပြတာပါ။ လေ့ကျင့်ခန်းလုပ်တာတော့ လုပ်တာပေါ့နော်။ ကိုယ်နဲ့ သင့်တော်လား ကျန်းမာရေးနဲ့ရော ညီညွတ်ရဲ့လားဆိုတာတော့ အမြဲသတိထားသင့်ပါတယ်။ ဗိုက်ထဲအစာမရှိဘဲ လေ့ကျင့်ခန်းလုပ်ရင် အားကုန်မြန်ပါတယ်။ ဒီတော့ မလုပ်ခင် အားအရင် ဖြည့်ထားကြပါ။ အချိုဓာတ်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေနဲ့(ချီစ်၊ မုန့်ကြွပ်၊ သစ်သီး၊ ဒိန်ချဉ်) ဖြည့်ထားပါ။ ကိုယ်ဝန်ကာလ နောက်ဆုံးသုံးလပတ်က ပင်ပန်းတော့ လှုပ်ရှားမှုတွေ သိပ်မလုပ်ဖြစ်ဘဲ အင်အားတွေကို စုဆောင်းထားသလို ဖြစ်တာပေါ့။ ကလေးလေးမွေးဖို့၊ မွေးပြီးထိန်းဖို့အတွက် မေမေတွေ အားအများကြီးမွေးထားဖို့ လိုတယ်နော်။
မှတ်ချက် 0ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်