ရာသီလား ကိုယ်ဝန်လား

ကိုယ်ဝန်ရှိစဆိုရင် implantation bleedingလို့ခေါ်တဲ့ သန္ဓေသားက သားအိမ်ကို တိုးလို့ သွေးနည်းနည်းဆင်းတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိမှန်း မသိသေးတဲ့အခါ ဒါက ရာသီလာတယ်လို့ ထင်တတ်ပါတယ်။

ဒီတော့ ရာသီလာတာလား၊ ကိုယ်ဝန်ရှိလို့ သွေးဆင်းတာလား အကြမ်းဖျင်း ဘယ်လိုခွဲမလဲဆိုတော့

  • ပမာဏ

ကိုယ်ဝန်ရှိလို့ သွေးဆင်းတာက ရာသီလာတာနဲ့ ယှဉ်ရင် ပမာဏနည်းပါတယ်။ Padတစ်ခုလုံး စိုနေအောင် ဆင်းလေ့ မရှိပါဘူး။ တစ်ခါတလေ padခံစရာတောင် မလိုပါဘူး။ သွေးစက်လေး နည်းနည်းလေးပဲ ဆင်းပါတယ်။

  • အရောင်

ရာသီသွေးကတော့ အနီရဲရဲ ဒါမှမဟုတ် အညိုဆင်းတတ်ပါတယ်။ ကိုယ်ဝန်ကြောင့် ဆင်းတာကတော့ ပန်းရောင်ဖျော့ဖျော့၊ အနီဖျော့ဖျော့ပဲ ဆင်းပါတယ်။

  • သွေးခဲ

ရာသီသွေးက သွေးခဲပါတတ်ပါတယ်။ ကိုယ်ဝန်ရှိလို့ သွေးဆင်းတာက သွေးခဲမပါတတ်ပါဘူး။

  • ကြာချိန်

ကိုယ်ဝန်ကြောင့် သွေးဆင်းတာက နာရီပိုင်း ဒါမှမဟုတ် ၁−၃ရက်လောက်ထိပဲ ကြာတာ များပါတယ်။

ဒါတွေကတော့ ရာသီလာတာလား၊ ကိုယ်ဝန်ကြောင့် သွေးဆင်းတာလားဆိုတာ ခွဲတဲ့ နည်းတွေပါ။ တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွာခြားနိုင်ပါတယ်။ အထူးသဖြင့် နဂိုတည်းက ရာသီလာတာနည်းပြီး ရာသီရက်တိုတဲ့သူဆိုရင် ခွဲရတာ ခက်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ဆီးစစ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။



ရာသီလား ကိုယ်ဝန်လားရာသီလား ကိုယ်ဝန်လား
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
42996
9
517

မှတ်ချက် 517ခု

မဂ်လာပါဆရာ ကျေးဇူးပြု၍ ကူည​ီ ဖြေကြားပေးပါဦးခဗျာ

ကျွန်တော့်ကောင်မလေးနဲ့ အတူ နေတုန်း ကွန်ဒုံးလဲ သုံးခဲ့ပါတယ်ဆရာ ကွန် ဒုံးက အဲကွန်းထဲမှာ အေး ပြီးတော့ ခြောက်ခြောက်သွားတော့ အန္တရယ် ရှိနိုင်လားခဗျာ ပြီးရင်လဲ အပြင်မှာ ထုတ်ပြီးမှ ပြီးတာပါခဗျ.. ကွန်ဒုံးပေါက်မပေါက်လဲ ပြီးသွားရင် ရေလေးနည်းနည်းထည့်ပြီးသေချာ စစ်ပါတယ်ခဗျ မပေါက်ပါဘူး.. ကျွန်တော့်ကောင်မလေး အရင်လ ၂၄ရက်ကစပြီး ၃ရက် ၂၄.၂၅.၂၆ ရာသီလာပါတယ်ဆရာဒီနေ့လုပ်ဖြစ်ကြတာဆိုတော့ ၁၈ရက်လောက်တော့ရှိပါပြီ ရာသီမမှန်တဲ့သူမို့ ၁၈ရက် ကစိတ်ချရပါသလားဆရာ

လွန်ခဲ့သော 1 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ကျေးဇူးပြု၍ဖြေပေးပါအုံးဆရာ။

ကောင်မလေးနဲ့ အခုလ၈လပိုင်း၃ရက်နေ့မှာ

အတူနေခဲ့ပါတယ်။ အဲ့တုန်းက ပြီးကာနီးအပြင်ကိုထုတ်လိုက်တဲ့အချိန်မှာ မိန်းမကိုယ်ထဲ သုတ်ရည်ကြည် အနည်းငယ် ဝင်သွားမိတယ်ထင်တယ်ဆရာ။ ဖြစ်ပြီးပြီးခြင်းတော့ တားဆေးသောက်တယ်ဆရာ။ အခု၉ရက်နေ့မှာ ရာသီသွေးအဖျော့တွေဆင်းနေလို့ဆရာ။ အဲ့တာကိုယ်ဝန်ရှိတဲ့လက္ခဏာလားခင်ဗျာ။ ဆရာ ဒီစာကိုမြင်ရင် ကျေးဇူးပြု၍ဖြေပေးပါအုံးခင်ဗျာ။🙏🏻🙏🏻🙏🏻🙏🏻

လွန်ခဲ့သော 1 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Ria rio

အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ နောက်ကျတာ၊ ဆင်းချင်သလိုဆင်းတာတွေ ရှိတတ်ပါတယ်။ ကိုယ်ဝန်ကို စိတ်ပူတယ်ဆို အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ပုံမှန်ရာသီလာနေကျရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော 1 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ရာသီလာတာကလဲ 1ရက်ကနေ 3ရက်ထိပဲ လာတာလေ

လွန်ခဲ့သော 1 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ကောင်မလေးကအပျိုပါ ရာသီလာပြိိး ၂ပက်အကြာမှာ လိင်ဆက်ဆံပါတယ် ထိုးသွင်းချိန်မှာအဆုံးထိမဝင်ပါဘူး ထိပ်ပိုင်းလောက်ပါပဲ ခနလေးပဲဆက်ဆံတာပါ တားဆေးတစ်လုံးဆေးတိုက်ပါတယ်။ ကိုယ်ဝန်ရနိုင်ပါလားဆရာ ဖြေပေးပါ

တစ်ပက်ကျော်မှာ ဘာစားစားပျို့အမ်ချင်နေသလိုဖြစ်နေလို့ပ

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

https://hellosayarwon.com/community/pregnancy/pregnancy-245310/?source=welcome_back

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆေးသောက်တာ ၂နှစ်ရှိပြီဆရာ ဆေး၆လုံးပဲသောက်ရသေးတယ်ရာသီလာတာကလေးပျက်ကျသလိုလာနေတယ်ဆရာ ကလေးရနိုင်လား ဆရာ

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Hini Thuwai

ရှေ့ဆေးကတ်ကုန်ခါနီးကရော ရာသီလာထားသေးလား

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အတူေနပြီး ရာသီမလာဘူး ရာသီအဖြူဆင်တယ် ထိန်သွားတယ်ရာသီပြန်လာတာ့ေသွးခဲတွေပါလာတယ် ကိုယ်၀န်ရနိုင်လား

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@htay lwin

ကိုယ်ဝန်ကို စိတ်ပူတယ်ဆို အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ပုံမှန်ရာသီလာနေကျရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အတူနေပြီးနာရီပိုင်းအတွင်းတားဆေးသောက်ပါတယ် 8 ရက်မြောက်နေ့မာရာသီလာပါတယ်ပုံမှန်ထပ်လေးရက်စောပါတယ် 20 ရက်နေ့ကနေ 25 ရက်ထိလာပါတယ်နည်းလိုက်များလိုက်နဲ့ အရောင်ကတော့အနီပါ 25 ရက်ကြတော့အညိဖျော့ဖျော့လေးတွေနည်းနည်းဆင်းပါတယ် အဲ့တာရာသီေသွးလား ကိုယ်ဝန်ရနိုင်လားသိချင်လို့ပါ

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ နောက်ကျတာ၊ ဆင်းချင်သလိုဆင်းတာတွေ ရှိတတ်ပါတယ်။ ကိုယ်ဝန်ကို စိတ်ပူတယ်ဆို အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ပုံမှန်ရာသီလာနေကျရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆရာကျွန်တော်သိခြင်တာလေးရှိလိုမေးပ့ရစေကျွန်တော်ကောင်မလေးနဲ့က5လပိုင်း16ရက်နေကတစ်ခါမှားခဲ့ဖူးပ့တယ်ဆေးလဲဖြသ်ဖြစ်ပြီးခြင်း6မိနစ်လောက်မှာတိုက်လိုက်ပ့တယ်ဆရာအခု7လပိုင်းကြတော့ရာသိလာတာမနက်ပိုင်းခဏကိုနည်းနည်းလေးလာပြီးနေလည်ကြလဲနည်းနည်းလေးပဲလာတော့တယ်ဆရာအဲ့တာကိုယ်ဝန်ရှိနေတာများလားဆရာ

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

တစ်ခုလောက် မေးခွင့်ပြုပါရှင့်...

ညီမက လစဉ်သုံး သန္ဓေတားဆေးကဒ် ခုမှ စသောက်တာပါရှင့်... သူ့ သတ်မှတ်ချက်ပါအတိုင်း အတူမနေခင် (၁၀)ရက်မတိုင်ခင် ကြိုသောက်ပါတယ်ရှင့်.... ဆေးကဒ်ကိုလဲ ရက်အလိုက် အစဉ် လိုက် ပုံမှန်သာက်ပါတယ်ရှင့်.... ဒါပေမယ့် ဆေးရဲ့ အောက်လုံး အညိုရောင်အလုံး (၃)လုံး အထိ သောက်ပြီးချိန်မှာ ရာသီသွေး အမဲရောင်ဆင်းလာလို့ ကိုယ်ဝန်ကြောင့် ဆင်းတာလား ရာသီလာလို့ ဆင်းတာလား သိချင်လို့ပါရှင့်....

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ရာသီေကြာင့် ဖြစ်ဖို့များပါတယ်

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

တစ်ခုသိချင်လို့ပါဆရာ 5လပိုင်း28ရက်နေ့ကအတူနေမိပါတယ်အကာအကွယ်လဲသုံးပါတယ် 6လပိုင်း4ရက်နေ့ကအတူထပ်နေပါတယ် အဲ့နေ့ကဆေးသောက်လိုက်ပါတယ် 10ရက်နေ့မှာရာသီလာတယ်ရှင့် အတူနေပြီးသုံးပတ်မပြည့်ခင်ရာသီလာတာဆိုတော့ပုံမှန်ပဲမလားဆရာ ရာသီမမှန်တဲ့ထဲပါလို့ပါ ရာသီစက်ဝန်းကလဲပုံမှန်မရှိတော့တွက်ရခက်နေလို့ရှင့် ရာသီလာတဲ့ပုံစံကတော့ပုံမှန်လိုပဲများတယ်ရှင့် ရာသီပြီးသွားမှာရင်သားထိပ်တွေနာလာလို့ပါတင်းတော့မတင်းဘူးရှင့်

ဒီရက်ပိုင်းလဲစိတ်ရောလူရောမလန်းလို့ နေပူလို့လား အဲ့တာနဲ့များဆိုင်လားခွဲမရဖြစ်နေလို့ရှင့်

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ နောက်ကျတာ၊ ဆင်းချင်သလိုဆင်းတာတွေ ရှိတတ်ပါတယ်။ ကိုယ်ဝန်ကို စိတ်ပူတယ်ဆို အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ပုံမှန်ရာသီလာနေကျရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
မှတ်ချက် 178ခုကို ဆက်ကြည့်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်