1လပိူင်း ၂၄လောက်ကနေ ၃၀ထိရာသီလာပါတယ် အာ့ရက်ကနေ 2လပိုင်း၁၄ရက်နေ့မတိုင်ခင်ထိအတူနေတဲ့ချိန်တိုင်းတားဆေးသောက်ပါတယ် ၂လပိုင်းရာသီမလာပါဘူး ခု၃လပိူသ်း၅ရက်နေ့
... ပိုမိုကြည့်ရှုရန်ကိုယ်ဝန်ဆောင်ကာလ (၂၃)အပတ်အတွက် ဘာတွေသိထားရမလဲ
သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်
23ပတ် ကျတော့ကလေးက သရက်သီးအလုံးလောက် ရှိလာမှာဖြစ်ပြီး ၄၅၃ ဂရမ် ၂၈.၉၅ စင်တီမီတာရှိမှာပါ။ကလေးလေးကိုယ်မှာအဆီတွေပေါ်လာပေမယ့် အရေပြားကတော့ လျော့ရဲပြီး အရေးအကြောင်းတွေတော့ ရှိတုန်းပါ။ ကလေးလေးရဲ့ နေစဉ်လှုပ်ရှားမှုမှာ ခြေချောင်းလက်ချောင်းတွေ လက်မောင်းတွေ ခြေထောက်တွေရဲ့လှုပ်ရှားမှုတွေ
ပါပါတယ်။ လှုပ်ရှားတာ ပိုပြင်းလာတာ သတိထားမိကြလားမေမေတို့ရေ။
ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ
မွေးခါနီးလေ အိပ်ရခက်လာလေပါ။ ခဏခဏဆီးသွားတာ၊ စိုးရိမ်စိတ်တွေများတာ၊
မအီမသာဖြစ်တာ၊ ခြေထောက်နာတာ၊ စိတ်မသက်မသာဖြစ်တာတွေက ကိုယ်ဝန်ဆောင်တွေအတွက် အိပ်လို့မရစေတဲ့ အဓိကအကြောင်းအရာတွေပါ။ ဒါပေမယ့် ကလေးလေးရဲ့ကျန်းမာရေးက မေမေတို့အနားယူချိန်လုံလောက်မှုရှိမရှိပေါ် မူတည်နေတော့ ရေနွေးနွေးလေးနဲ့ချိုးတာ၊ သီချင်းအေးအေးလေးတွေ နားထောင်တာ၊ စာအုပ်ဖတ်တာ၊ နို့ပူပူလေးတစ်ခွက်လောက်သောက်ပြီးတော့ဖြစ်ဖြစ် အိပ်လို့လွယ်အောင် ကြိုးစားကြည့်လိုက်ရအောင်နော်။ ဆရာဝန်တွေညွှန်ကြားချက်အရတော့ ကိုယ်ဝန်ဆောင်တွေ တစ်ခြမ်းစောင်းပြီးအိပ်တာ (အထူးသဖြင့် ဘယ်ဘက်) က အချင်းဆီသွေးစီးဆင်းမှု ကောင်းစေပါတယ်။ တကယ်လို့ သက်သောင့်သက်သာမရှိရင် တစ်ခြမ်းစောင်းအိပ်တဲ့အခါ ကိုယ်အလေးချိန် မပိရအောင် ဒူးခေါင်းကြား ခေါင်အုံးတစ်လုံး ညှပ်ထားပါ။
23 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ
ညဘက် ခြေထောက်ကြွက်တက်သလိုဖြစ်ပြီး လန့်နိုးလာတတ်ပါတယ်။ ကိုယ်ဝန် ၆ လလောက်မှာ ခြေသလုံးကြွက်သားတွေ ကျုံ့ကျုံ့ပြီး နာတတ်တာ သဘာဝပါ။
ဘာလို့ဖြစ်မှန်း သေချာမသိကြပေမယ့် ကာကွယ်နိုင်တဲ့ နည်းတွေတော့ ရှိပါတယ်။
· ကြွက်တက်ရင် ခြေထောက်ကို ဆန့်ထားပြီးခြေချင်းဝတ်နဲ့ ခြေချောင်းတွေကို အပေါ်ကို တဖြည်းဖြည်းချင်းကော့ချလိုက်ပါ။ မကြာခင်သက်သာသွားပါလိမ့်မယ်။
· အကြောလျှော့လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးပါ။
· ခြေထောက်ကို ဝန်မပိရအောင် ခဏခဏအပေါ်ကို မြှောက်ထားပေးပါ။ နေ့ခင်းဘက်တွေမှာ အသားကပ်ဘောင်းဘီတွေ ဝတ်ပေးနိုင်သလို ခြေထောက်ကိုလည်း မကြာမကြာကွေးလိုက် ဆန့်လိုက် လုပ်ပေးပါ။
· မတ်တပ်အကြာကြီး ရပ်တာကို ရှောင်ပါ။
· နာတာသက်သာအောင် နှိပ်နယ်ပေးတာ၊ ရေနွေး ကပ်ပေးတာလုပ်လို့ရပါတယ်။ ရေများများသောက်ဖို့လည်း မမေ့ပါနဲ့။
မှတ်ချက် 0ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်