ပထမအကြိမ် ကွန်ဒုံး စနစ်တကျမှန်မှန်ကန်ကန် အသုံးပြုခဲ့ပါတယ်
ကောင်မလေးနဲ့ လိင်ဆက်ဆံ တာ ကွန်ဒုံးကိုစနစ်တကျ အသုံးပြုခဲ့ပါတယ်။ လိင်ဆက်ဆံ ပြီး နောက်နေ့တွေ အဖြူရောင် အရည်ဖတ်လေးတွေ ထွက်လာပါတယ်တဲ့ အနံ့ဆိုးတော့ မနံပါဘူး ကွန်ဒုံး ကျွတ်တာ ပေါက်ပြဲတာလည်း မရှိပါဘူး အဲ့တာ ကိုယ်ဝန် ရနိုင်လားဗျ ဝလာတယ် လို့ လဲ ထင်တယ် တဲ့ ခြေတလုံးတွေ လည်း တုတ်လာတယ် တဲ့ အဖြူရောင်အရည်တွေထွက်လာတာက ကိုယ်ဝန် ရှိနေလို့လားဗျ ဖြေပေးပါအုံးနော် ကျေးဇူးတင်ပါတယ်
ကွန်ဒုံးကို စနစ်တကျ သုံးခဲ့တယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ခြေ နည်းပါတယ်။ အမျိုးသမီးတွေမှာ ပုံမှန်အားဖြင့်လည်း ရာသီရက်နီးရင် အဖြူဆင်းတာ၊ ဝလာတာ (တကယ်တော့ ဟော်မုန်းအပြောင်းအလဲကြောင့်ပါ) ဖြစ်တတ်ပါတယ်။
ရာသီလာလားဆိုတာ စောင့်ကြည့်လိုက်ပါဦးနော်။ စိတ်ဖိစီးမှုမများပါစေနဲ့နော်။ စိတ်ဖိစီးရင်လည်း ရာသီထိမ်တတ်ပါတယ်။