2လပိုင်း 15ရက် နေ့မှာ အတူတူ နေဖြစ်ပါတယ်။ ဒါမဲ့ သူ့အထဲကို လက်နဲ့ပဲလုပ် ပေးဖြစ်တာပါ။ကျွန်တော့်ဟာရဲ့ ရှေ့ပြေးအရည်ကြည်ကိုင်ထားမိတဲ့လက်နဲ့ လုပ်မိလိုက်တာ
... ပိုမိုကြည့်ရှုရန်ကိုယ်ဝန်ဆောင်ကာလ (၂၂)အပတ် မေမေတို့အတွက် သိကောင်းစရာများ
သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်
ဒီအပတ်မှာရွှေဖရုံသီးအရွယ် ၂၇.၉ စင်တီမီတာ ၄၅၃ ဂရမ် ရှိပါပြီ။ နှုတ်ခမ်းလေးတွေ မျက်ခွံလေးတွေ မျက်ခုံးမွေးလေးတွေ ထင်ရှားလာရင် မွးကင်းစလေးနဲ့ တူတော့မှာပါ။ ကမ္ဘာကြီးအကြောင်းသင်ယူဖို့ အာရုံခံအင်္ဂါတွေ စဖွံ့ဖြိုးပါပြီ။ အရသာခံဖုတွေလည်း လျှာမှာပေါ်လာပါပြီ။ မျက်နှာကိုင်တာ၊ လက်မစုပ်တာ တစ်ခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေ လှုပ်ရှားတာကအစ မေမေတွေ သိနိုင်ပါပြီ။ လိင်အင်္ဂါလေးကလည်း ဖွံ့ဖြိုးဆဲပါ။ ယောက်ျားလေးဆို လိင်တံလေးက ဗိုက်အောက်ကနေတွဲကျလာပြီး မိန်းကလေးဆို သားအိမ်နဲ့သားဥအိတ်တွေ နေရာယူပြီး မိန်းမကိုယ် စဖွံ့ဖြိုးမှာပါ။
ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ
တကယ်လို့ ဘာမှမခံစားရဘူးဆိုရင် မကြာခင်မှာ သားအိမ်ကမူမမှန်ဘဲ ကျုံ့တာ(မနာပါ) မျိုးဖြစ်တာကို သတိထားမိလာမှာပါ။ ဗိုက်ကိုညှစ်ကြည့်ရင် ကျုံ့တာကို သိရမှာပါ။ ဒါက ကလေးကို မထိခိုက်စေနိုင်လို့ စိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် ကျုံ့တာပိုပြင်းလာပြီး နာတာခဏခဏဖြစ်နေရင် ဆရာဝန်ဆီချက်ချင်း သွားသင့် ပါတယ်။
သိသင့်သိထိုက်တာလေးတွေ
ဒီအချိန်မှာ ဗိုက်ကပိုကားလာတဲ့အတွက် လမ်းလျှောက်ရင် ကွတကွတဖြစ်နေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကို့ယို့ကားယားဖြစ်ရတာက အဆစ်တွေ အရွတ်တွေ ပြန်ရည်အိတ်တွေ လျော့ရဲလာလို့ပါ။ နောက်အချက်တွေကတော့ အာရုံစူးစိုက်မှု အားနည်းလာတာ လက်တွေအားနည်းလာတာတွေပါ။ ဒါပေမယ့် ဒီဟာတွေ ကြောင့် ဗိုက်ကြီးလာလို့ ဟန်ချက်မပျက်သွားပါဘူး။
မှတ်ချက် 0ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်