ကိုယ်ဝန်ဆောင် အဖြူဆင်းခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာအဖြူဆင်းတာက ပိုများ၊ ပိုသိသာတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိန်းမကိုယ်ကို သွေးရောက်တာ ပိုများတာကြောင့်ရယ်၊ အီစထရိုဂျင်ဟော်မုန်းရယ်ကြောင့်ပါ။

အဖြူဆင်းတာက မကောင်းတာတော့ မဟုတ်ပါဘူး။ အဖြူဆင်းတဲ့အတွက် မွေးလမ်းကြောင်းထဲက မကောင်းတာတွေ ပါသွားတယ်၊ ပိုးတွေ မဝင်အောင် ကာကွယ်ပေးနိုင်တယ်လေ။ ဒါကြောင့်သိပ်ပြီးတော့လည်း မစိုးရိမ်ပါနဲ့။ ဒါက သဘာဝကပေးထားတဲ့ အကာအကွယ်ပါ။

အဖြူဆင်းတာက အရည်ကြည်လေးတွေ ဆင်းတာရှိသလို အဖြူဖတ်လေးတွေ ဆင်းတာလည်း ရှိပါတယ်။

တကယ်လို့ အဖြူဆင်းတာများနေရင်၊ ကွက်တယ်ဆိုရင်

✅ချည်သားအတွင်းခံကို ဝတ်ပါ။ သူက ခြောက်လွယ်ပါတယ်။

✅Panty liner (Padပါးပါးလေး) တွေ ခံပေးပါ။

❌Tamponမသုံးပါနဲ့။

❌မိန်းမကိုယ်အတွင်းပိုင်းထိ မဆေးပါနဲ့။ ဆပ်ပြာတွေနဲ့ အတွင်းပိုင်းထိ ဆေးတာမျိုး မလုပ်ပါနဲ့။ ရိုးရိုးရေများများနဲ့ ဆေးရင် ရပါပြီ။


အဖြူဆင်းတာက သဘာဝဆိုပေမယ့် ဒီအချက်တွေ ရှိနေရင် သတိထားပါ။

⚠️ဆင်းတာ များလွန်းနေရင်

⚠️အနံ့ဆိုးပြီး အရောင်တွေ ပါလာရင်

⚠️မိန်းမကိုယ်ယားယံရင်

⚠️တစ်ခုခုစိုးရိမ်နေတာမျိုး ရှိရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါတယ်။


ကိုယ်ဝန်ဆောင် အဖြူဆင်းခြင်းကိုယ်ဝန်ဆောင် အဖြူဆင်းခြင်း
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
16719
4
43

မှတ်ချက် 43ခု

အဖြူဆင်းတာ ၃ရက်ရှိပါပြီ အနံ့ကပုံမှန်ပါဘဲ အရောင်ကအဖြူရောင်ပါ ယားယံတာမရှိပါဘူး ဘာလို့ဆင်းတာလဲမသိပါဘူး ကိုယ်ဝန်ရှိလို့လားရှင့်

လွန်ခဲ့သော 4 ရက် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Yaoi Kim

https://hellosayarwon.com/womens-health/vaginitis/white-discharge/

လွန်ခဲ့သော 3 ရက် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

သားအိမ်ကျနေချိန်အတူနေမိရင်ကုိယ်ဝန်ရနုိင်လား

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@Gj U

သားဥကြွေနေသရွေ့ ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်

သားအိမ်ကျတာနဲ့မဆိုင်ပါ

လွန်ခဲ့သော 3 ရက် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆရာအဖြူဆင်းတာတရက်ပဲဆင်ပီး..ပြီးတော့မဆင်းခင်ရက်တေက...ယားတာလိုလိုအတွင်ထဲကနေယားသလိုလို..ပီတော့ဆီးသွားချငိသလိုလိုဖစ်တာဘာကြောင့်လဲ

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ယားယံတာ၊ အနံ့ဆိုးထွက်တာရှိရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသပါ

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

22 march to 25 ကြားရာသီလာရမှာ ခုထိမလာပဲ အဖြူတွေပဲဆင်းနေလို့ပါ ဆီးစစ်ကြည့်တာ့လဲ NegativeပဲပြေNegativeပဲပြနေလို့ပါ ကိုယ်ဝန်ရှိ/မရှိ ဘယ်ချိန်မှစစ်ကြည့်လို့ရနိုင်မလဲ သိချင်ပါတယ်ရှင့်

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ရာသီလာတာ ၁ပတ်လောက် နောက်ကျတဲ့အခါ

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖြူဆင်းတယ် အနံမရှိဘူး အကျိအချွဲလေးတွေဖြစ်တယ် ဗိုက်ဘယ်ဘက်ခြမ်းထဲက လေအောင့်သလိုနာတယ် ဆီးလည်းခဏခဏသွားတယ် ညဘက်ဆိုအိပ်မပျော်ဘူး အိပ်ယာထဲ​ပဲ​နေချင်​နုံးချိနေသလိုခံစားရတယ် ဆေးခန်းပြသင့်လားရှင့်​(အစာလည်း အရင်ကလောက်မစားဘူး ဖြစ်နေတယ်)​

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖြူဆင်းတာ အဝါနုရောင်ပြောင်းသွားတယ် အနံ့ကတော့ပုံမှန်ပဲ ယားယံတာမရှိဘူး ဗိုက်ဘယ်ဘက်ခြမ်းကတော့ လေထိုးသလို ခနခနနာတယ် စိုးရိမ်ရလား ဆရာ ရှင့်

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Su Po Po Lay

အဲ့တာဆို စောင့်ကြည့်ပါ။ ဆီးမအောင့်ထားပါနဲ,။

လွန်ခဲ့သော 3 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

ကိုယ်၀န် 7ပတ်ထဲမှာပါဆရာ အဖြူဆင်းပါတယ် အဖတ်တွေ မိန်းမကိုယ်တော့မယားပါဘူး အနံလည်းမရှိပါဘူး ဆီးပိုး၀င်တုန်းက ဆင်းတဲ့ အဖြူ ပုံစံနဲ့ တူနေလို့စိတ်ပူလို့ပါ ဒါပေမဲ့ ဆီးပိုး၀င်တုန်းကတာ့ ယားတယ် အနံမရှိဘူး အခု ကတော့မယားပါဘူး OG နဲ့အပ်ထားပြီးပါပြီ ဆေး တွေတော့ ပေးပါတယ်။ ထပ်ပြဖို့လိုလားဆရာ

လွန်ခဲ့သော 6 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ကိုယ်ဝန်2လပါ အဖြူဆင်းများပီး ခါးအရမ်းနာနတယ် စိုးရိမ်ရလားရှင်

လွန်ခဲ့သော 8 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဘယ်နှရက်ရှိပြီလဲ

သားဖွားမီးယပ်ဆရာဝန်နဲ့ အပ်ပြီးပြီလား

လွန်ခဲ့သော 8 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ကိုယ်ဝန်တော့မပြရသေးပါပူးဆရာရာသီလာရက်မလာလို့စစ်ကြည့်တာ၂ကြောင်းပေါ်ပါတယ် အခုအဖြူအနည်းငယ်ဆင်းတယ်ဆရာစိုးရိမ်ရလားရှင့်

လွန်ခဲ့သော 10 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ယားတာ၊ နံတာ၊ အရောင်ပါတာ မရှိရင် သိပ်စိုးရိမ်စရာမလိုပါ။ ကိုယ်ဝန်ရှိရင် စောစောအပ်ပါ။ ဖောလစ်အက်စစ်သောက်ပါ။

လွန်ခဲ့သော 10 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ကိုယ်ဝန်ဆာင်တာ4လကျော်ပါပြီအဖြူအဖက်တွေဆင်းပြီးအနံ့လည်းရှိပါတယ်အ့လိုဖြစ်ရင်ကိုယ်ဝန်အတွက်စိုးရိမ်ရလားဆရာရှင့်

လွန်ခဲ့သော 11 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အနံ့ရှိတယ်ဆို သားဖွားမီးယပ်ဆရာဝန်နဲ့ ပြပါ။


လွန်ခဲ့သော 10 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
မှတ်ချက် 8ခုကို ဆက်ကြည့်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်