Q. 'ကလေး မွေးရင် လိုအပ်တဲ့ ပစ္စည်းတွေကဘာတွေလဲ၊ ဘာတွေယူသွားရမလဲ'
ဒီတစ်ခါ မေမေတစ်ယောက်မေးထားတာက ဆေးရုံမှာ ကလေးမွေးတဲ့အခါ ဘာတွေယူသွားရမလဲတဲ့။ မေမေတွေက ဂျူးဒိတ်နီးလာပြီဆိုရင် ခြင်းပြင်ထားသင့်ပါတယ်။ အဲ့ဒီခြင်းထဲမှာ လိုတာအကုန်ထည့်ထားမှ မွေးတော့မယ်ဆို ခြင်းဆွဲပြီးဆေးရုံပြေးရုံပါပဲ။
ဘာတွေ ပါရမလဲဆိုတော့
−ကိုယ်ဝန်အပ်ထားတဲ့ ကတ်တွေ၊ ဆေးမှတ်တမ်းတွေ၊ သောက်လက်စဆေးတွေ
အမေအတွက်
−သက်သောင့်သက်သာ ဝတ်လို့ရမယ့် အင်္ကျီ
−နို့တိုက်ဇစ်ပါတဲ့ အင်္ကျီ
−ထဘီအပို
−ဘော်လီ
−မီးနေသည် ဘောင်းဘီ
−နို့တိုက်ခေါင်းအုံး
−နို့ညှစ်ပန့်
-တစ်ကိုယ်ရည်သုံးပစ္စည်းလေးတွေ (wet tissue၊ ပိုးသတ်ထားတဲ့ဂွမ်းတွေ အပါ)
−အဆာပြေ စားစရာနဲ့ ရေ
−ကိုယ်တက်တဲ့ ဆေးရုံပေါ်မူတည်ပြီး ခေါင်းအုံးတွေ စောင်တွေလည်း လိုကောင်းလိုနိုင်ပါတယ်။
ကလေးအတွက်ကတော့
−အနှီး (ပရုတ်လုံးနဲ့ မသိမ်းထားရပါ)
−ခြေအိတ်၊ လက်အိတ်၊ ဦးထုတ်လေးတွေ
−သေးခံ စတာတွေ လိုမှာပါ။
ရိုးရိုးမွေးတဲ့သူဆိုရင် တစ်ရက်လောက်ပဲ နေရမှာဆိုတော့ အများကြီး မလိုပါဘူး။
ခွဲမွေးတယ်ဆိုရင်လည်း ချုပ်ရိုးကောင်းတယ်ဆိုရင် ရက်ပိုင်းလောက်နဲ့ ဆင်းရမှာပါ။
ဒါက ခုချက်ချင်းစဉ်းစားမိတာလေးတွေကို ရေးထားတာပါ။ တခြားရော ဘာတွေကျန်ဦးမလဲ။ မေမေတို့ ဖြည့်ပေးသွားကြပါဦး။