ကိုယ်က အမြွှာမွေးနိုင်ခြေ များတဲ့ လူတစ်ယောက်လား
မေမေတို့ ကိုယ်ဝန်ဆောင်တဲ့ အခါ ကလေးတစ်ယောက်တည်းထက် အမြွှာလေးတွေ လိုချင်တဲ့သူပိုများကြပါတယ်။ ဗိုက်လည်းတစ်ခါပဲ အနာခံရတယ်၊ ကလေးက ၂ ယောက်တောင်ရမှာ။ ပြီးတော့ အမြွှာလေးတွေဆိုတော့ ကလေးအချင်းချင်းလည်း ကစားဖော်ကစားဖက်ရှိတော့ သူတို့လည်း မပျင်းရတော့ဘူးလေ။ နောက်ပိုင်းမှာ ကလေးတစ်ယောက်တည်းထက် အမြွှာလေးတွေမွေးတာကလည်း ပိုခေတ်စားလာတာဆိုတော့ ကိုယ်က အမြွှာမွေးနိုင်ခြေ များသလားဆိုတာ သိထားသင့်တယ်နော်။
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/how-can-you-get-twin-pregnancy/















