🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်နဲ့ စပျစ်သီး

ကိုယ်ဝန်ဆောင် မဗိုက်တွေက စပျစ်သီး စားလို့ရလားလို့ လာလာမေးကြတယ်ပေါ့နော်။ ဘာာကြောင့်လဲဆိုတော့ သူတို့က စပျစ်သီးကိုယ်ဝန်ဆိုတာ ကြားဖူးထားတာကိုး။ ဒီတော့ သူတို့စိတ်ထဲမှာ စပျစ်သီးစားလို့ စပျစ်သီးကိုယ်ဝန်ရတာလားပေါ့။

စပျစ်သီးကိုယ်ဝန်ဆိုတာက ပုံမှန်မဟုတ်တဲ့ကိုယ်ဝန်ဆောင်ခြင်းပါ။ မျိုးအောင်ထားတဲ့ မျိုးဥလေးက ချို့ယွင်းချက်ပါတဲ့အခါကျတော့ ပုံမှန်အတိုင်း သန္ဓေသားလေးလို မဖွံ့ဖြိုးလာဘဲ စပျစ်သီးလို အလုံးလေးတွေ ဖြစ်လာတာပါ။ စပျစ်သီးနဲ့ တူလို့သာ အလွယ်စပျစ်သီးကိုယ်ဝန်လို့ ခေါ်တာပါ။ စပျစ်သီး စားလို့ ဖြစ်တာ မဟုတ်ပါဘူး။ သူနဲ့ ဘာမှမဆိုင်ပါဘူးနော်။

ပြီးတော့ ကိုယ်ဝန်ဆောင်တွေက စပျစ်သီး စားလို့ရပါတယ်။ စပျစ်သီးမှာ အာဟာရဓာတ်တွေ အများကြီး ပါလို့ အမေရော ကလေးအတွက်ပါ ကောင်းပါတယ်။

တစ်ခုပဲ ကိုယ်ဝန်ဆောင် ဆီးချိုရှိတဲ့သူတွေ၊ ရင်ပူတတ်တဲ့သူတွေကတော့ လျှော့စားပေါ့။ ကျန်တဲ့သူတွေကတော့ ပုံမှန်အတိုင်း သင့်တင့်တဲ့ ပမာဏလေး စားပေးလို့ရပါတယ်။

ဒီလောက်ဆို ကိုယ်ဝန်ဆောင်ချိန်မှာ စပျစ်သီး စားလို့ ရမရ သိလောက်ပါပြီနော်။

ကိုယ်ဝန်ဆောင်နဲ့ စပျစ်သီးကိုယ်ဝန်ဆောင်နဲ့ စပျစ်သီး
6
8
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်