🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်‌မေမေတို့  ကိုယ်ဝန်ပထမအပတ်မှာ ဘာတွေသိသင့်ပါသလဲ

မေမေတို့ ရဲ့ ဘေဘီလေး ဘယ်လိုဖွံ့ဖြိုးလာပါသလဲ


ကိုယ်ဝန်ဆောင်ကာလပထမအပတ်က နည်းနည်းတော့ရှုပ်ထွေးပါလိမ့်မယ်။ ပုံမှန်ဆိုရင်တော့ ကိုယ်ဝန်ရှိမှန်း စသိချိန်မှာ အနည်းဆုံး ၄ပတ်ရှိနေပါပြီ။ သားဥစအောင်တဲ့ရက် အတိအကျသိဖို့က ခက်ခဲပေမယ့် ရာသီစက်ဝန်းစသည့်ရက်ကတော့ သိသာပါတယ်။ ဆရာဝန်တွေက နောက်ဆုံးရာသီစက်ဝန်းရဲ့ပထမရက်နဲ့မီးဖွားမယ့်ရက်ကို တွက်တာပါ။

မီးဖွားရက်ကိုဆရာဝန်တွေအကောင်းဆုံး ခန့်မှန်းပေးနိုင်ဖို့ ပထမ၂ပတ်ကို ရေတွက်ရတာပါ။ ပုံမှန်ကတော့ကိုယ်ဝန်ဆောင်ကာလက အပတ် ၄၀လောက်ကြာပါတယ်။ တစ်ချို့က ၃၈ပတ်မှာ မွေးတတ်သလို တစ်ချို့လဲ ၄၂ပါတ်မှာမွေးတတ်ပါတယ်။ ဆရာဝန်တွေကတော့ ၄၂ပါတ်ကျော်တဲ့အထိ မထားပါဘူး။ အခုသင့်ရဲ့မွေးဖွားမယ့်ရက် ဘယ်လိုတွက်ချက်လဲဆိုတာကို အနည်းငယ်ပြောပြပြီးပါပြီ။ အခု သင့်ကလေး ဘယ်လိုပြောင်းလဲလာလဲဆိုတာကို ကြည့်ကြရအောင်ပါ။

ခန္ဓာကိုယ်နှင့်နေထိုင်မှုပြောင်းလဲပုံ


မေမေတို့ ရဲ့ကိုယ်ခန္ဓာကိုယ်ဘာတွေပြောင်းလဲသွားလဲ....

ဒီအချိန်မှာ သင့်ခန္ဓာကိုယ်ကမမျိုးဥကြွေဖို့ပြင်ဆင်နေပါပြီ။ မမျိုးဥကြွေတယ်ဆိုတာ သားဥအိမ်ကနေမျိုးဥကြွေကျတာပါ။ ရာသီပထမဆုံးလာတဲ့ရက်နောက်ပိုင်း ၁၂-၁၄ ရက်ကြားမှာ ကြွေပါတယ်။ အဲဒီမျိုးဥမျိုုးအောင်ဖို့ကိုယ်ထဲမှာရှိတဲ့ဟော်မုန်းတစ်ချို့ စအလုပ်လုပ်ပါတယ်။ ရင်သားယောင်ပြီး တင်းလာသလိုဖြစ်တာ၊ ဗိုက်အောင့်တာတွေက ရာသီလာချိန်ဖြစ်တတ်တာတွေပါ။ အဲဒီဥမျိုးအောင်ဖို့ နောက်၂ ပတ်လိုပါသေးတယ်။ ရက်စွဲအတိအကျမှတ်ပြီး အမျိုးသားကို ပြောပြနိုင်ပါတယ်။

ဘာတွေပြင်ဆင်ထားရမလဲ


ဒီအပတ်မှာ ဘာမှသိပ်စိတ်ပူစရာမရှိပါဘူး။ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာနဲ့ သန္ဓေသားလောင်းအတွက် လိုအပ်တဲ့ဗီတာမင်တွေ သောက်ပေးရင်ရပါပြီ။ လိုအပ်တဲ့ဗီတာမင်ပမာဏ အလုံအလောက်ရဖို့လိုပါတယ်။ အထူးသဖြင့် ကလေးရဲ့ဦးနှောက်နဲ့အာရုံကြောအဖွဲ့အစည်းအတွက် ကောင်းတဲ့ဖောလစ်အက်စစ်ပါ။ အခုချိန်မှာ လိုအပ်တဲ့ပ မာဏကတစ်နေ့ကို ၄၀၀မီလီဂရမ်ပါ။ ကျောရိုးနဲ့ အာရုံကြောမကြီးတွင် ရောဂါဖြစ်ဖူးသော အမျိုးသမီးများ ထိုပမာဏထက်ပိုလိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်‌မေမေတို့  ကိုယ်ဝန်ပထမအပတ်မှာ ဘာတွေသိသင့်ပါသလဲကိုယ်ဝန်ဆောင်‌မေမေတို့  ကိုယ်ဝန်ပထမအပတ်မှာ ဘာတွေသိသင့်ပါသလဲ
0
18
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်