🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန် နုစဉ် ရှောင်ရန် ဆောင်ရန်များ

ကိုယ်ဝန်စရှိရှိချင်း ပထမ ၃လ (၁၃ပတ်)ကို ကိုယ်ဝန်နုတဲ့လတွေလို့ သတ်မှတ်ပါတယ်။ ကလေးရဲ့ ကိုယ်တွင်းအင်္ဂါတွေ ကြီးထွားနေတဲ့အချိန်ဖြစ်တာကြောင့် အစစအရာရာ သတိထားဖို့ လိုပါတယ်။

အများစုက ကိုယ်ဝန်ရှိတာကို သတိမထားမိကြသလို သတိထားမိတော့လည်း ကိုယ်ဝန်ပတ်က ၄၊ ၅၊ ၆ပတ် ဖြစ်နေပါပြီ။

ဒီတော့ ကိုယ်ဝန်ရှိတာကို စောစောသိနိုင်ရင် ကောင်းပါတယ်။ ရာသီထိမ်နေပြီ၊ ကိုယ်ဝန်ရနိုင်တဲ့ အနေအထားမျိုးဆို ဆီးစစ်ကြည့်ကြပါ။

ကဲ ကိုယ်ဝန်ရှိတာကို သိပြီဆိုရင် လိုက်နာရမယ့် အချက်တွေကတော့

−ကိုယ်ဝန်ဆောင်အားဆေးစသောက်ပါ။

−ကိုယ်ဝန်အပ်ပါ။

−ဆရာဝန်ညွှန်ကြားတဲ့ ဆေးစစ်တာတွေ၊ ကာကွယ်ဆေးထိုးတာတွေကို လိုက်နာပါ။

ရှောင်ရမှာတွေကတော့

−ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ်မသောက်ပါနဲ့တော့။ သောက်လက်စဆေးတွေကိုလည်း ဆရာဝန်နဲ့ ပြကြည့်ပါ။

−ဆေးလိပ်၊ အရက် ဒါတွေအကုန် ရပ်ပါ။

−ကော်ဖီလျှော့သောက်ပါ။

−အပြင်စာတွေ လျှော့စားပါ။

−ပြဒါးပါတဲ့ငါးတွေ၊ မကျက်တကျက်အသားတွေ၊ ဆာရှိမိတွေ ရှောင်ပါ။

−ဓာတုပစ္စည်းတွေကိုလည်း ကိုင်တွယ်တာမျိုးကို ရှောင်ကြပါ မေမေတို့။

ကိုယ်ဝန်ပထမ ၃လကို အန္တရာယ်ကင်းကင်းနဲ့ ဖြတ်သန်းရအောင်ပါနော်။

ကိုယ်ဝန် နုစဉ် ရှောင်ရန် ဆောင်ရန်များကိုယ်ဝန် နုစဉ် ရှောင်ရန် ဆောင်ရန်များ
0
1
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်