တားဆေးအကြောင်း

သဒ္ဓေတားဆေးနဲ့ ပတ်သက်ပြီးသိချင်တာလေးရှိလို့ပါဆရာမ။ အမျိုးသမီးနဲ့ အခုမှ အိမ်ထောင်ကျခါစလေးမလို့ ဟန်းနီးမွန်းထွက်ဖို့ရက်က နောက်လ ဧပရယ် ၁၆ရက်နေလောက်ဆိုတော့ အဲရက်တွေမှာ အတူတူနေဖြစ်မှာမလို့ ဘယ်ရက်ကနေစပြီး တားဆေးကဒ် 21လုံး or 28လုံးကို စသောက်ရမှာလဲသိချင်လို့ပါ။ ပြီးတော့ တားဆေးကဒ် စသောက်ပြီး ဘယ်နှစ်ရက်မြောက်ရင် အကာအကွယ်မပါပဲ အတူတူနေနိုင်မလဲဗျ။

တကယ်လို့ အတူတူနေပြီးနောက်ပိုင်း ရက်တော်တော်ကြာတဲ့အထိ ကျွန်တော်က ခရီးသွားနေရမှာဆိုတော့ Sex မလုပ်ဖြစ်လောက်မှာမလို့ တားဆေးကို ဆက်မသောက်ချင်တော့ဘူးဆိုရင် ဘယ်အချိန်လောက်ဆိုရင် ဆေးကိုရပ်လို့ရလဲလေးပါပြောပေးပါဦး ဆရာမ။

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
4

မှတ်ချက် 4ခု

အခုစသောက်ပါ

၅ရက်ပြည့်ရင် အကာအကွယ်မဲ့အတူနေလို့ရပါပြီ

ဆေးကတ်ကုန်ရင် ဒါမှမဟုတ် နောက်ဆုံးအတူနေတဲ့ရက်ကနေ၅ရက်သောက်ပြီးရင် ရပ်လို့ရပါပြီ

လွန်ခဲ့သော 6 နာရီ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

Dr Htet Htet Zaw Win

စစဆေးသောက်တဲ့ရက် ၅ရက်ပြည့်တာနဲ့ အတူတူနေလို့ရပြီပေါ့နော် ဆရာမ။ ကျွန်တော်က ခရီးသွားနေရတာဆိုတော့ 4လပိုင်း ၁၀ရက်နေ့လောက်မှ အမျိုးသမီးနဲ့ ပြန်တွေ့ရမှာမလို့ အမျိုးသမီးကို 1ရက်နေ့ကနေ စပြီး သောက်ခိုင်းထားလို့ရပါလားဗျ။ OK Pills တံဆိပ်ရော ကောင်းလားဆရာမ Safeဖြစ်လားခင်ဗျ။

လွန်ခဲ့သော 3 နာရီ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ဆရာမ ကျွန်တော်တို့နေဖြစ်လောက်မှာက ၄လပိုင်း ၁၆ရက်နေ့လောက်မှဆိုတော့ ဒီလကုန်ပြီး ၁ရက်နေ့မှ စသောက်မယ်ဆိုရင်ရော ရလားဟင်

လွန်ခဲ့သော 6 နာရီ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ဟုတ်ကဲ့ ဆရာမ ဆေးက OK Pills တံဆိပ်နဲ့က စိတ်ချရလားဆရာမ

လွန်ခဲ့သော 6 နာရီ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်