🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ချိန်မှာ သက်သောင့်သက်သာထိုင်နည်း

ကိုယ်ဝန်ဆောင်ချိန်မှာ ထိုင်ပုံထိုင်နည်း မမှန်ရင်လည်း မေမေတွေ ခါးနာတတ်ပါတယ်။ အထူးသဖြင့် ရှေ့မှာ ဗိုက်ကြီးခံနေတာကြောင့် ထိုင်တဲ့အခါ ပုံမကျတာမျိုး ဖြစ်တတ်ပါတယ်။

ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ထိုင်မယ်ဆို

−ခါးနဲ့ ကျောကို မတ်မတ်ထားပါ။

−ခါးနောက်မှာ ခေါင်းအုံးအသေး ဒါမှမဟုတ် မျက်နှာသုတ်ပဝါကို လိပ်ပြီး ခုထားပါ။

တကယ်လို့ ခုစရာမရှိဘူးဆိုရင်တော့

−အနောက်တိုးပြီး ခုံနဲ့ ကျောနဲ့ ကပ်ထားပါ။

−ကပ်ပြီး ခါးကို အလိုက်သင့်လေး မတ်မတ်ထာားပေးပါ။

−ပြီးရင် အနည်းငယ်လျော့လိုက်ပါ။

နောက်ပြီး ထိုင်တဲ့အခါမှာ

−တင်ပါးကို ခုံမှာ ထိကပ်နေအောင် ထိုင်ပါ။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဝိတ်ကို တင်ပါးမှာထားလိုက်ပါ။

−ခြေထောက်နဲ့ ကြမ်းနဲ့ ထောင့်မှန်ကျရှိနေပါစေ။ ကြမ်းနဲ့ ခြေထောက်နဲ့ ထိထားပါ။ ခြေချိတ်မထိုင်ပါနဲ့။

−ပုံစံတစ်မျိုးတည်းနဲ့ အကြာကြီးမထိုင်ပါနဲ့။ နာရီဝက်တစ်ခါလောက် ပုံပြောင်းပါ။

−စားပွဲနဲ့ အလုပ်လုပ်တယ်ဆိုရင်လည်း လက်ကိုစားပွဲပေါ် တင်ထားပါ။ ပုခုံးတွေကို လျှော့ထားပါ။

−ခါးကို စောင်းပြီး အလုပ်မလုပ်ပါနဲ့။ တစ်ကိုယ်လုံးကို လှည့်လို့ရပါတယ်။

−ထိုင်ရာက ထမယ်ဆို ခုံအစွန်းကို တင်ပါးအရင်ရွှေ့ပါ။ ပြီးရင် ခြေထောက်ကို ဆန့်ပြီး ဖြည်းဖြည်းချင်းထပါ။ ခါးကို အားပြုပြီး မထပါနဲ့။

ကိုယ်ဝန်ဆောင်ချိန်မှာ သက်သောင့်သက်သာထိုင်နည်းကိုယ်ဝန်ဆောင်ချိန်မှာ သက်သောင့်သက်သာထိုင်နည်း
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
992

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်