ကိုယ်ဝန်ရနိုင်လား........
ပထမအကြိမ် Sex လုပ်ပြီး တား ဆေး သောက်ပါတယ် နောက်နှစ်ရက် လောက် နေ တော့ ဒုတိယအကြိမ် Sex လုပ်ပြီးထပ်သောက်မိပါတယ် နောက် ၆-၇ရက်ဝန်းကျင် လောက်တစ်ခါ ထပ်အတူ နေပြီး တားဆေးထပ်သောက်ပါတယ် အကြိမ်တိုင်း ဆေးတန်း သောက်ပါတယ်
နောက်ဆုံးအကြိမ်အတူ နေတုန်းက ရာသီလာမယ့်ရက် မှာ မလာ သေးခင်အတူ နေမိပြီး ဆေး သောက်လိုက်တာပါ..
လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဗိုက်ထဲပြည့်အင်အင်ဖြစ်ပြီး အစာစားချင်စိတ်လဲရှိတယ်စားလို့လဲ ကောင်းရဲ့နဲ့ အစားနည်းနည်းဝင်ပြီးရင် အန်ချင်လာပါတယ် ရာသီသွေးလဲခုထိမပေါ် သေးပါဘူး
အစားများသွားလို့လားလို့တော့ထင်မိပါတယ် ဒါမ်ျုးလက္ခဏာမဖြစ်ခင်က ကန်စွန်းဥ ၅ ဥ စားပြီး နာရီဝက်လောက်နေတော့ ထမင်းနှစ်ပန်းကန်စားလိုက်ပါတယ် အဲ့နောက်ရက်ကစပြီး ဒါမျိုးဖြစ်တာပါ
တား ဆေး သောက်ထားတာလဲများ နေတော့ ကိုယ်ဝန်စိတ်ပူလို့ပါ ကိုယ်ဝန်ဖြစ်နိုင်လားရှင့်။



















တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ဆင်းချင်သလိုဆင်းတာ၊ ခေါင်းမူးခေါင်းကိုက်၊ ပျို့အန်တာ၊ ရင်သားတင်းတာ၊ နုံးတာ၊ နေထိုင်မကောင်းဖြစ်တာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ကိုယ်ဝန်ကို စိတ်ပူတယ်ဆို အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ပုံမှန်ရာသီလာနေကျရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။