အမျိုးသမီးကျန်းမာရေး
အရင်လကစပြီး နေ့စဥ်သောက်တားဆေးသောက်ပါတယ် အဲ့တုန်းကတော့ လေဒီယာ စသောက်တာပါ ပြီးတော့ အဲ့တစ်ကတ်ကုန်တော့ စိတ်ချဆေးကတ်ကို ပြောင်းသောက်ပါတယ် ၂၈လုံးပါတဲ့ကတ်ပါ
အခု အဖြူလုံး ၂၁လုံးကုန်ဖို့ ၂ လုံးအလိုမှာ ရာသီလာသလိုမျိုး သွေးဆင်းနေလို့ပါ
အရင်က အဖြူလုံးကုန်ပြီး အညိုလုံးတစ်ဝက်လောက်မှ ရာသီလာတာပါ အခုက အဖြူလုံးတောင်မကုန်သေးပဲ ရာသီလာနေလို့ပါ အဲ့လိုဖြစ်တတ်လားဒေါက်တာရှင့်
ပြီးတော့ အရှေ့ရက်တွေမှာလည်း အမျိုးသားနဲ့အတူနေတဲ့အခါ သွေးစနည်းနည်းပါတတ်ပါတယ် အမြဲတမ်းတော့မဟုတ်ပါဘူး
နှစ်ယောက်လုံး နာကျင်တာ အောင့်တာမရှိပါဘူး အသက်က နှစ်ယောက်လုံး ၂၆ ထဲမှာပါ
အဖြူဆင်းတာလည်း နည်းနည်းရှိပါတယ်
အဝါဘက်နည်းနည်းသမ်းတဲ့ အဖြူအနှစ်နည်းနည်းရှိပါတယ် မများပါဘူး ဘောင်းဘီစွန်းရုံလောက်ပါ
အဲ့ဒါ ဘာကြောင့်ဖြစ်နိုင်သလဲရှင့်
သားအိမ်ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတွေ ဖြစ်နေနိုင်လားရှင့်
နှစ်ယောက်လုံးက ပြည်ပမှာဆိုတော့ ဆေးရုံဆေးခန်းပြဖို့ အခက်အခဲရှိလို့ပါဒေါက်တာ
Online ကနေ ပြလို့ရတဲ့ ဆေးခန်းရှိရင်လည်း တစ်ချက်လောက်ညွှန်းပေးစေချင်ပါတယ်ရှင့်















၆လလောက်ထိက အဲ့လိုပဲ ဖြစ်တတ်ပါတယ်။
ကင်ဆာဖြစ်နိုင်ခြေများတဲ့ အရွယ်မဟုတ်ပါ။
ပုံမှန်သောက်နေရင်ကိုယ်ဝန်ကို စိုးရိမ်စရာမလိုပါ။